ကနီမြို့နယ်တွင် ၁၁၁၁ အောင်သပြေလူထုလှုပ်ရှားမှုပြုလုပ်

ကနီမြို့နယ်တွင် ၁၁၁၁ အောင်သပြေလူထုလှုပ်ရှားမှုပြုလုပ်

လွှမ်းမိုး (မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းမှ ကျေးရွာတခုတွင် ၁၁၁၁ အောင်သပြေ လူထုလှုပ်ရှားမှုကို နိုဝင်ဘာလ ၁၁ ရက်နေ့ ညနေပိုင်းက ကျင်းပခဲ့ကြောင်း သပိတ်စီစဉ်သူများထံမှ သိရသည်။

တပ်ပေါင်းစုနှင့် စစ်အနိုင်တိုက်ကြ” ၊ “ဖက်ဆစ်ကျွန်ဘဝမှ လွတ်လပ်ရေးသို့” စာတန်းများ ကိုင်ဆောင် ကာ လူထုအင်အား ၁,၀၀၀ ခန့်ဖြင့် လှုပ်ရှားမှုပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ၁၀၂၇ စစ်ဆင်ရေးကို ထောက်ခံ့သည့် အနေဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

“အောင်သပြေပန်းတွေနဲ့ ၁၀၂၇ စစ်ဆင်ရေးကို ထောက်ခံကြိုဆိုကြောင်း ပြသခဲ့တာပါ။ ဖက်ဆစ်တပ်ကို တိုက်ခိုက်နေတဲ့ ရဲဘော်အားလုံး ဘေးကင်းဖို့လည်း ဆုတောင်းခဲ့ကြတယ်” ဟု လူထုလှုပ်ရှားမှုတွင် ပါဝင်ခဲ့သူတဦးက ဆိုသည်။

အဆိုပါ ၁၁၁၁ အောင်သပြေလှုပ်ရှားမှုအစီအစဉ်တွင် ကျောက်လုံးကြီးဆရာတော်၊ BLDF မှ ရဲဘော်ဖယား၊ ယင်းမာပင်ခရိုင် ပ.က.ဖ မှ ဦးထွန်းထွန်းဝင်း၊ ရတနာပုံကျောင်းသားများသမဂ္ဂ ရဲဘော်တဦးနှင့် အမျိုးသမီး အင်အားစုမှ မအေးမြင့်အောင်အောင်တို့မှ လူထုစည်းရုံးရေး တရားဟောပြောခဲ့ကြောင်း သိရသည်။

စာတည်း။ ။စောဖေ