သတင်းအမှားများကို တိုက်ဖျက်ခြင်း | Misinformation Buster

မင်္ဂလာပါရှင်။

အပတ်စဉ်တင်ဆက်ပေးနေကြဖြစ်တဲ့ သတင်းတု/မှား များကို တိုက်ဖျက်ခြင်း Misinformation Buster အစီအစဉ်ကနေ ပြန်လည်ကြိုဆိုပါတယ်။ ကျမကတော့ ဂျူချန်းပါ။ ဒီအစီအစဉ်မှာ မဇ္ဈိမက တပတ်အတွင်း စိစစ်တွေ့ရှိထားတဲ့ သတင်းတု၊ သတင်းမှားတွေကို အချက်အလက်တွေနဲ့တကွ စုစည်းဖော်ပြသွားမှာပါ။

ဒီတပတ်ကြည့်ရှုကြရမယ့် သတင်းတွေကတော့

-ရခိုင်ပြည်နယ်၊ သံတွဲ တိုက်ပွဲနဲ့ ပတ်သက်တဲ့ ဓါတ်ပုံအတုအကြောင်း

-မဇ္ဈိမ သတင်းဌာန အမည်နဲ့ တယ်လီဂရမ်ချန်နယ် အတု

-ကြိုတင် သတိထားသင့်တဲ့ ဇူလိုင်လ သတင်းမှားတွေအကြောင်း စတာတွေကို စုစည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

သတင်းဖတ်ရှုသူတွေအနေနဲ့ သတင်းတုလို့ သံသယရှိရင်ဖြစ်ဖြစ် သတင်းတုကိုတွေ့ခဲ့ရင်ဖြစ်ဖြစ် မဇ္ဈိမကို အချက်အလက် စစ်ဆေးဖို့အတွက် ပေးပို့လို့ရပါတယ်။ ပေးပို့မယ်ဆိုရင်တော့ t.ly/AjFbz ဆိုတဲ့ လင့်ကို ရိုက်ထည့်ပြီး သတင်းလင့်နဲ့တကွ စစ်ဆေးချင်တဲ့ အကြောင်းအရာကိုဖြည့်စွက်ပေးပို့နိုင်ပါတယ်။