သံတွဲတွင် စစ်ကောင်စီတပ်က ဗုံးကြဲမှုကြောင့် အရပ်သား ၇ ဦးသေဆုံး၊ ဒေသခံများ စစ်ရှောင်ရန် ပြေးပေါက်ပိတ်

ဓါတ်ပုံ-စစ်ကောင်စီ၏စစ်လေယာဥ်(ပုံအဟောင်း) ဓါတု (မဇ္ဈိမ)။ ။ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ဆင်ခေါင်းကျေးရွာတွင် စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ကျောင်းဆရာမတဦးအပါအဝင် အရပ်သားခုနစ်ဦး သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။ သေဆုံးသူများအနက် ကျောင်းဆရာမတဦးဖြစ်သည့် မချောလှိုင်(၂၅ နှစ်) မှာ…