မန္တလေး-မြစ်ကြီးနား လမ်းပိုင်းအချို့ မိုင်းအန္တရာယ်ကြောင့်ပိတ်ထားမည်ဟု ထီးချိုင့်ပကဖ အသိပေး

007 (မဇ္စျိမ)။ ။မန္တလေး-မြစ်ကြီးနားလမ်းတွင် စစ်ကောင်စီ၏မြေမြှုပ်မိုင်းအန္တရာယ်ကျရောက်နိုင်သည့် လမ်းပိုင်း အချို့ကို ဖေဖော်ဝါရီလကုန်အထိ ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း ထီးချိုင့်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။ “ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်နှင့်လုံခြုံရေးအား ကာကွယ်နိုင်ရန်ဖြစ်သည်”ဟု ထုတ်ပြန်ချက် တွင်ဖော်ပြထားသည်။ မန္တလေး-မြစ်ကြီးနားလမ်းမှ ကြံညှပ်-ထီးချိုင့်လမ်းပိုင်း၊ မောင်းကုန်း-ငအိုး-ရွှေကူလမ်းပိုင်း၊ ထီးချိုင့်-ကျောင်းကုန်းလမ်းပိုင်း၊ ကျောင်းကုန်း-အင်းတော်လမ်းပိုင်းတို့ကို…