မန္တလေး-မြစ်ကြီးနား လမ်းပိုင်းအချို့ မိုင်းအန္တရာယ်ကြောင့်ပိတ်ထားမည်ဟု ထီးချိုင့်ပကဖ အသိပေး

007

(မဇ္စျိမ)။ ။မန္တလေး-မြစ်ကြီးနားလမ်းတွင် စစ်ကောင်စီ၏မြေမြှုပ်မိုင်းအန္တရာယ်ကျရောက်နိုင်သည့် လမ်းပိုင်း အချို့ကို ဖေဖော်ဝါရီလကုန်အထိ ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း ထီးချိုင့်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

“ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်နှင့်လုံခြုံရေးအား ကာကွယ်နိုင်ရန်ဖြစ်သည်”ဟု ထုတ်ပြန်ချက် တွင်ဖော်ပြထားသည်။

မန္တလေး-မြစ်ကြီးနားလမ်းမှ ကြံညှပ်-ထီးချိုင့်လမ်းပိုင်း၊ မောင်းကုန်း-ငအိုး-ရွှေကူလမ်းပိုင်း၊ ထီးချိုင့်-ကျောင်းကုန်းလမ်းပိုင်း၊ ကျောင်းကုန်း-အင်းတော်လမ်းပိုင်းတို့ကို ဖေဖော်ဝါရီလ ၇ ရက်နေ့မှ လကုန်အထိ ပိတ်ထားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

“ဖေဖော်ဝါရီလ ၇ ရက်နေ့ကနေ လကုန်အထိ ပိတ်ထားပါမယ်။ စစ်တပ်က မြေမြှုပ်မိုင်း အမြောက်အများ ထောင်ထားတာမို့လို့ အန္တရာယ်ရှိတဲ့အခြေအနေကြောင့်ဖြစ်ပါတယ်”ဟု ထီးချိုင့်ပြည်သူ့ကာကွယ်ရေး အဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်နှင့် လုံခြုံရေးအားကာကွယ်ရန်လိုအပ်သည့်ဒေသများအား လုံခြုံ ရေးဖြည့်ဆည်းရန်နှင့် ထိရောက်စွာအကောင်အထည်ဖော်ရန် ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း ထုတ်ပြန် ချက်တွင်ဖော်ပြထားပြီး မဖြစ်မနေအရေးပေါ်ကိစ္စရှိပါက ဒေသဆိုင်ရာရဲဘော်များ၏ ခွင့်ပြုချက်တောင်း ခံရန်နှင့် မိမိတို့အသိပေးချက်အား လိုက်နာမှုမရှိသောကားသမားများအား ပြဿနာတစုံတရာဖြစ်ပေါ် လာပါက ဖြေရှင်းပေးမည် မဟုတ်ကြောင်းလည်း အသိပေးထားသည်။

မန္တလေးတိုင်းမြောက်ပိုင်း သပိတ်ကျင်း၊ ကြံညှပ်နှင့် တကောင်းမြို့၊ စစ်ကိုင်းတိုင်းအောက်ပိုင်း ထီးချိုင့်၊ မောင်းကုန်း၊ ကျောင်းကုန်းနှင့်ငအိုး၊ ကချင်ပြည်နယ်အောက်ပိုင်း ရွှေကူမြို့(မံစီမြို့အရှေ့ဘက်)တို့သည်၊ မန္တလေး-မြစ်ကြီးနားကားလမ်းတလျှောက်ရှိမြို့များဖြစ်ကြပြီး၊ တော်လှန်ရေးတပ်များနှင့် စစ်ကောင်စီတို့ နေ့စဉ်နှင့်အမျှ တိုက်ပွဲဖြစ်ပွားလျှက်ရှိသည်။

စာတည်း။ ။စောဖေ