စစ်အာဏာရှင်ဆန့်ကျင်ရေး ရွာပေါင်းစုံသပိတ်

စစ်အာဏာရှင်ဆန့်ကျင်ရေး ရွာပေါင်းစုံသပိတ်

ယနေ့ ချီတက်ဆန္ဒပြခဲ့သော ရွာပေါင်းစုံသပိတ် (ဓါတ်ပုံ – ယင်းမာပင် – ဆားလင်းကြီး ရွာပေါင်းစုံသပိတ်ကော်မတီ)

ပါခွီး (မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများ စုပေါင်းထားသည့် ရွာပေါင်းစုံ သပိတ်ကော်မတီက စစ်အာဏာရှင် ဆန့်ကျင်ရေးချီတက်ပွဲကို အောက်တိုဘာလ ၁၂ရက် ယနေ့တွင် ပြုလုပ်ခဲ့ကြသည်။

လူထုသပိတ်စစ်ကြောင်းသည် စစ်အာဏာရှင်အလိုမရှိကြောင်း ကြွေးကြော်သံများ ဟစ်ကြွေးချီတက်ခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။

အောက်တိုဘာလ ၉ရက်နေ့က ကချင်ပြည်နယ် ၊ လိုင်ဇာမြို့ မုန်လိုင်ခက် စစ်ဘေးရှောင်စခန်း တိုက်ခိုက်ခံရ၍ သေဆုံးသွားသူများအတွက် ဝမ်းနည်း ကြေကွဲရပြီး စစ်အာဏာရှင်ကို အမြစ်ပြတ်သည်အထိ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း သပိတ်ကော်မတီက ဆိုသည်။

ယင်းမာပင်နှင့် ဆားလင်းကြီးမြို့ ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ၂၀၂၁ခုနှစ် မတ်လ ၉ရက်မှ စတင်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး ယနေ့သည် ၉၃၃ ရက်မြောက်ဖြစ်ကြောင်းသိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)