တယ်လီကွန်း လိမ်လည်မှု သံသယရှိသူ ၂,၃၀၀ ကျော်ကို တရုတ်သို့ ပေးပို့

တယ်လီကွန်း လိမ်လည်မှု သံသယရှိသူ ၂,၃၀၀ ကျော်ကို တရုတ်သို့ ပေးပို့

တရုတ်နိုင်ငံသားများအပေါ် ပစ်မှတ်ထားနေသော မြန်မာမြောက်ပိုင်း၌ အခြေစိုက်သည့် တယ်လီကွန်းလိမ်လည်မှုများအား ဆောင်ရွက်ဆဲ ဖြိုခွင်းမှုတွင် သံသယရှိသူ ၂,၃၄၉ ဦးကို မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ပေးပို့ကြောင်း တရုတ် အများပြည်သူလုံခြုံရေးဝန်ကြီးဌာနက တနင်္လာနေ့တွင် ကြေညာသည်။

အဆိုပါ ပေးပို့မှုသည် ဖြိုခွင်းမှုများ စတင်ဆောင်ရွက်ချိန်မှနောက်ပိုင်း သံသယရှိသူ အရေအတွက် အများဆုံးကို ပေးပို့ခြင်းပဲ ဖြစ်သည်။

ယူနန်ပြည်နယ်မှ အများပြည်သူ လုံခြုံရေး အာဏာပိုင်များနှင့် မြန်မာနိုင်ငံမှ သက်ဆိုင်ရာဌာနများကြား ပူးပေါင်းဆောင်ရွက်မှုဖြင့် တရားခံပြေး ၁၁၁ ဦးအပါအဝင် အဆိုပါ သံသယရှိသူများကို အောက်တိုဘာ ၁၄ ရက်က ပေးပို့ခဲ့ခြင်း ဖြစ်သည်။ တရုတ်အနောက်တောင်ပိုင်း ယူနန်ပြည်နယ်သည် မြန်မာမြောက်ပိုင်းနှင့် နယ်စပ်ထိစပ်ရာ ပြည်နယ်ပဲ ဖြစ်သည်။

မြန်မာမြောက်ပိုင်းမှ တယ်လီကွန်းလိမ်လည်မှု သံသယရှိသူပေါင်း ၄,၆၆၆ ဦးကို လက်ရှိအထိ တရုတ်သို့ ပေးပို့ထားပြီဖြစ်ကြောင်း အများပြည်သူလုံခြုံရေးဝန်ကြီးဌာနက ဖော်ပြသည်။

တရုတ်နိုင်ငံအနေဖြင့် ဩဂုတ်လမှစကာ ဆိုင်ဘာနှင့် အွန်လိုင်းလိမ်လည်မှု ၂၄ ရာခိုင်နှုန်း ကျဆင်းကာ လိမ်လည်မှုကြောင့်ဖြစ်သော ပစ္စည်းဥစ္စာ ဆုံးရှုံးမှု ၂၀ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းကြောင်း ဝန်ကြီးဌာနက ထပ်လောင်းဖော်ပြသည်။