အောင်ဂျာစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီအင်အား ရာဂဏန်းခန့်ကို ချေမှုန်းနိုင်ခဲ့ဟု NUG ကာကွယ်ရေး၀န်ကြီး ‌ပြော

အောင်ဂျာစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီအင်အား ရာဂဏန်းခန့်ကို ချေမှုန်းနိုင်ခဲ့ဟု NUG ကာကွယ်ရေး၀န်ကြီး ‌ပြော

အောင်ဂျာစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီအင်အား ရာဂဏန်း ခန့်ကို ချေမှုန်းနိုင်ခဲ့ဟု NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ၎င်း၏လူမှုကွန်ရက်မှတဆင့် အသိပေးသည်။


” တော်လှန် ရေးအဖွဲ့အစည်း တွေရဲ့ ဌာနချုပ် တွေကို ခြိမ်း ခြောက် လိုတဲ့ စစ် ကောင်စီရဲ့ အိပ်မက်ကို ရိုက်ချိုးပစ်နိုင်တဲ့ အောင်ပွဲလည်း ဖြစ်တယ်။ တော်လှန် ရေးထုအင်အားနဲ့ ဆင်နွှဲတဲ့ မဟာဗျူဟာ ထိုးစစ်ရဲ့ ကနဦး ခြေလှမ်းလည်း ဖြစ်ပါတယ်။ဒီပွဲမှာ ရန်သူ့အင်အား ရာ ကျော် ချေမှုန်းနိုင်ခဲ့တယ်” ဟု ဦးရည်မွန်က ‌ပြောသည်။
အဆိုပါတိုက်ပွဲမှာ KIA ဦးဆောင်သည့် မဟာမိတ်များ၏ အောင်ပွဲ ဖြစ်‌ကြောင်း၊ PDF များ၏ စွမ်းရည်များကို KIA ဘက်မှ ချီးကျုးခဲ့ ‌ကြောင်း ဦးရည်မွန်က ဆိုသည်။


” ကျားတက်ထိုးပြီး ဝင် ရောက်သိမ်းယူခဲ့ရတဲ့ စခန်းသိမ်း အောင်ပွဲ နေ့က PDFရဲ ဘော်များရဲ့ ရဲစွမ်းသတ္တိကို KIAစစ်ဦးစီးချုပ်/စစ် ဒေသမှူး ဗိုလ်ချုပ်ကြီး ခေါင်လွန်းက ချီးကျူးကြောင်း ပြောသည်။
“ဝန်ကြီး ရေ ကောက်လို့ တော့ မပြီး သေးဘူး၊လက်နက်ငယ် တွေ ကော လက်နက်ကြီး တွေပါ PDFတရင်းစာ တပ်ဆင်နိုင် လောက် အောင် ရလိမ့်မယ်ဗျ “စခန်းသိမ်းပြီး နောက်ရက်မှာ စစ် ဒေသမှုးက လှမ်း ပြောပါတယ်” ဟု ဦးရည်မွန်က ရေးသားထားသည်။


အောင်ဂျာစခန်းသိမ်းတိုက်ပွဲတွင် KIA ဦးဆောင်မှုဖြင့် AA၊CNF၊ ABSDF KNA-BURMA KPDF နှင့် PDFရဲ ဘော်များ ပူး ပေါင်းပါဝင်ခဲ့သည်။
စစ်ကောင်စီ၏ အရေးပါသည့် အောင်ဂျာစစ်‌မြေပြင်တွင် စစ်ကောင်စီ၏ စခန်းများကို အောက်တိုဘာလလယ်ပိုင်းမှစပြီး KIA က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး အောက်တိုဘာ ၂၃ ရက်တွင် KIA ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က ‌မြေပြင်သို့ သွားရောက်ကာ ရဲဘော်များကို အားပေးခဲ့သည်။