ကရင်နီတွင် ငှက်ဖျားရောဂါ ဖြစ်ပွားမှုများပြား (ရုပ်သံ)

ဂျူချန်း

(မဇ္ဈိမ)။ ။ မိုးဦးကျကာလ ကရင်နီမှာ ရှေ့တန်းကရဲဘော်တွေနဲ့ တောထဲက စစ်ဘေးရှောင်တွေမှာ ငှက်ဖျားရောဂါတွေအဖြစ်များနေကြပါတယ်။ ရှေ့တန်းက ရဲဘော် ၁၀ ယောက်မှာ ငါးယောက်လောက်က ငှက်ဖျားရောဂါ ဖြစ်ပွားနေကြတာဖြစ်ပြီး မိုးဦးစကာလမှာ ပိုပြီး အဖြစ်များလာတယ်လို့ သိရပါတယ်။

တောထဲက စစ်ဘေးရှောင်နေရတဲ့ သူတွေမှာလည်း ဆေးရည်စိမ်ခြင်ထောင်တွေ မလောက်ငှတာကြောင့် ငှက်ဖျားရောဂါ ဖြစ်ပွားနေကြတာဖြစ်ပါတယ်။မိုးတွင်းကာလ လမ်းပန်းဆက်သွယ်ရေး ခက်ခဲလို့ လိုအပ်တဲ့ ဆေးရည်စိမ်ခြင်ထောင်တွေနဲ့ ဆေးဝါးတွေကို သယ်ယူပို့ဆောင်ရ မလွယ်ကူတာကြောင့် ငှက်ဖျားရောဂါ ကူးစက်မှုနှုန်းပိုများလာမှာကို စိုးရိမ်ရတယ်လို့ KNWO အတွင်းရေးမှူး (၂) မော်ဖရေမြာက ပြောပါတယ်။

ငှက်ဖျားရောဂါဟာ လူတယောက်ကနေတယောက်ကို ငှက်ဖျားပိုးသယ်ဆောင်တဲ့ ခြင် အကိုက်ခံရတာကတဆင့် ကူးစက်တတ်တာဖြစ်ပါတယ်။ ငှက်ဖျားရောဂါဟာ မိုးတွင်းကာလ မေလကနေ စက်တင်ဘာလအတွင်းမှာ ကူးစက်မှုအများဆုံးရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO မြန်မာ က ပြောထားပါတယ်။

တင်ဆက်/တည်းဖြတ်-ဂျူချန်း