ကျားဖြန့် လုပ်ငန်းတွေကို ပူးပေါင်းတိုက်ဖျက်မယ်လို့ စစ်ကောင်စီနဲ့ ထိုင်းစစ်တပ် ဆွေးနွေး

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တို့ ဇန်နဝါရီလ ၁၃ ရက်မှာ အွန်လိုင်းကတဆင့် တွေ့ဆုံပြီး နှစ်နိုင်ငံနယ်စပ်ဒေသက ကျားဖြန့်လုပ်ငန်းတွေကို တိုက်ဖျက်ဖို့ ဆွေးနွေးခဲ့ကြတယ်လို စစ်ကောင်စီဘက်က ထုတ်ပြန်ပါတယ်။

တရုတ်မြန်မာနယ်စပ်က အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို တရုတ်နိုင်ငံဘက်က အပူတပြင်း နှိမ်နင်းနေတဲ့ အချိန်မှာ ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ အွန်လိုင်းလောင်းကစာတွေကိုလည်း၂၀၂၃ ခုနှစ်နှောင်းပိုင်းမှာ အာရုံစိုက်မှုများလာတာ ဖြစ်ပါတယ်။

တည်းဖြတ်/တင်ဆက်= မိုးသောက်