၃၄ ကြိမ်မြောက် AFC ကွန်ဂရက်ကို ဘန်ကောက်မှာ ကျင်းပ

Photos: EPA/AFC

၃၄ ကြိမ်မြောက် အာရှဘောလုံးအဖွဲ့ချုပ် (AFC) ကွန်ဂရက်ကို ၂၀၂၄၊ မေလ ၁၆ ရက်နေ့မှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

လက်ကျန် ၂၀၂၃-၂၂၇ သက်တမ်းအတွက် အဖွဲ့ဝင်အသစ် နှစ်ဦးကို AFC အမှုဆောင်ကော်မတီမှာ ရွေးချယ်ဖို့ ရည်ရွယ်ချက်ဖြင့် ကွန်ဂရက်ကို ဘန်ကောက်မှာ ကျင်းပခဲ့တာပါ။ အဖွဲ့ဝင်အသစ်နေရာတွေကတော့ အမျိုးသမီးအမှုဆောင်ကော်မတီဝင် (ဗဟိုဇုန်)နဲ့ AFC အမှုဆောင်ကော်မတီအဖွဲ့ဝင် (အရှေ့ပိုင်းဇုန်)တို့ဖြစ်ပါတယ်။

အမျိုးသမီးအမှုဆောင်ကော်မတီဝင် (ဗဟိုဇုန်)အဖြစ် တာဂျစ်ကစ္စတန်မှ မီချ်ဂိုနာ မာမာဒါလီဗာ၊ AFC အမှုဆောင်ကော်မတီအဖွဲ့ဝင် (အရှေ့ပိုင်းဇုန်)အဖြစ် တောင်ကိုရီးယားမှ ချွန်မိုင်းဂူတို့ကို ရွေးကောက်တင်မြှောက်ခဲ့ပါတယ်။

ဟောင်ကောင်မှ ဒေါက်တာ Veronica Chan Yiu Kam၊ AFC အကြီးတန်း ဒုဥက္ကဋ္ဌနဲ့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ဥက္ကဋ္ဌ ဦးဇော်ဇော်၊ စင်ကာပူဘောလုံးအဖွဲ့ချုပ် (FAS) ဥက္ကဋ္ဌဟောင်းနှင့် AFC စည်းကမ်းနှင့် ကျင့်ဝတ်ကော်မတီဥက္ကဋ္ဌ Lim Kia Tong (postthumous) တို့က AFC Lifetime Achievement Award နဲ့ Distinguished Service Award တွေကို အသီးသီးလက်ခံရရှိခဲ့ပါတယ်။

ကိုဗစ်ကပ်ရောဂါကာလအတွင်း စွမ်းစွမ်းတမံဆောင်ရွက်ခဲ့မှုများနဲ့ အာရှဒေသ ဘောလုံးအားကစား ဖွံ့ဖြိုးတိုးတက်ရေး ထူးချွန်စွာဆောင်ရွက်ခဲ့မှုများအတွက် ဦးဇော်ဇော်ကို အခုလို ဂုဏ်ပြုချီးမြှင့်ခဲ့တာပါ။

AFC Distinguished Service Award ဆုတံဆိပ်ဟာ အာရှဒေသ ဘောလုံးအားကစား ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိတ်အားထက်သန်စွာ မဆုတ်မနစ်ထမ်းရွက်မှုများ၊ ဘောလုံးအားကစားနဲ့အတူ လူ့အဖွဲ့အစည်းကောင်းကျိုးအတွက် ထူးချွန်စွာဆောင်ရွက်ခဲ့မှုများအတွက် ဂုဏ်ပြုပေးအပ်တဲ့ ဆုဖြစ်ပါတယ်။

Ref; EPA, AFC