လောင်းလုံးတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး အမျိုးသမီးများ ချီတက်ဆန္ဒပြ

လောင်းလုံးမြို့ ဒေသခံအမျိုးသမီးများ ဦးဆောင်ပါဝင် ဆန္ဒပြစဉ်။

လောင်းလုံးမြို့ ဒေသခံအမျိုးသမီးများ ဦးဆောင်ပါဝင် ဆန္ဒပြစဉ်။

ကိုရွှေမြိတ်

(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်းရှိကျေးရွာအချို့မှ အမျိုးသမီးများ စုပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြမှုကို ယနေ့ ဇန်နဝါရီလ ၁၄ ရက် မွန်းလွဲပိုင်းက မြို့ပေါ်တနေရာ၌ ပြုလုပ်ခဲ့ကြောင်း ဦးဆောင်သူများထံမှ သိရသည်။

အဆိုပါ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုကို ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ် ကော်မတီ(DDMSC)မှ ဦးဆောင်ပြီး “ငါတို့ရဲ့ယုံကြည်မှုကို မီးရှို့ဖျက်ဆီးလို့မရ” ခေါင်းစဥ်ဖြင့်ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။