စစ်ကောင်စီနှင့် ဆက်မပူးပေါင်းရန် Non- CDM ဝန်ထမ်းများကို TNLA သတိပေး

ပုံအညွှန်း- နမ့်ခမ်းမြို့ကို ထိန်းချုပ်ထားသော TNLA တပ်ဖွဲ့ဝင်များကို တွေ့ရစဉ် (Photo- Mizzima)

ပုံအညွှန်း- နမ့်ခမ်းမြို့ကို ထိန်းချုပ်ထားသော TNLA တပ်ဖွဲ့ဝင်များကို တွေ့ရစဉ် (Photo- Mizzima)

002

(မဇ္ဈိမ) ။ ။ စစ်တပ်အာဏာသိမ်းပြီးနောက် ပုံစံအမျိုးအမျိုးဖြင့် စစ်ကောင်စီ လက်အောက်တွင် တာဝန်ထမ်းဆောင်ခဲ့သော Non- CDM ဝန်ထမ်းများ အားလုံးကို TNLA က တာဝန်မှ ရပ်စဲလိုက်ပြီး စစ်ကောင်စီထံမှ လစာယူခြင်း၊ သတင်းပို့ခြင်းများပြု လုပ်ပါက အရေးယူမည်ဟုလည်း သတိပေးပြောကြားလိုက်သည်။

ထိုသတိပေးချက်ကို ၁၀၂၇ စစ်ဆင်ရေးကြီးနှင့်အတူ TNLA က သိမ်းယူထားသည့် မြို့နယ် ခုနစ်မြို့ အပါအဝင် တအာင်းပြည်နယ်အတွင်း နေထိုင်သော Non- CDM ဝန်ထမ်းများအားလုံး လိုက်နာရမည်ဖြစ်ကြောင်း TNLA က မေလ ၁၅ ရက်နေ့ ရက်စွဲဖြင့် ကြေညာလိုက်ခြင်း ဖြစ်သည်။

Non-CDM များ၏ လုပ်ငန်းတာ၀န်များကို ရပ်ဆိုင်းထားသဖြင့် ပြစ်မှုကျူးလွန်သည်ဟု သံသယရှိသည့် Non-CDM ဝန်ထမ်း များကို အပြစ်ပေး အရေးယူနိုင်ရန် အတွက် ဖမ်းဆီးအရေးယူခြင်း၊ တိုင်ကြားမှုအရ ဖမ်းဆီးပြီး အဆင့်ဆင့် စစ်ဆေးအရေးယူခြင်းများနှင့် သတ်မှတ်သည့်စီမံချက်အရ အပြစ်ပေးအရေးယူခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်း TNLA က ‌ပြောသည်။

မြောက်ပိုင်းညီနောင် မဟာမိတ် အဖွဲ့ဝင်ဖြစ်သည့် TNLA သည် ၁၀၂၇ စစ်ဆင်ရေးကြီး ကာလအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နမ့်ဆန်၊ နမ္မတူ၊ မန်တုံ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မိုင်းငေါ့နှင့် မိုင်းလုံမြို့တို့ကို တိုက်ခိုက်သိမ်းပိုက်ပြီး ထိန်းချုပ်ထားသည်။

လက်ရှိမှာ ယင်းမြို့များ အပါအ၀င် TNLA အုပ်ချုပ်ရေးနယ်မြေအတွင်း စီမံအုပ်ချုပ်ရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း TNLA က ထုတ်ပြန်ထားသည်။

စာတည်း။ ။ နောင်နောင်