ယောဒေသပညာရေးအတွက် ပုံတောင်ပုံညာခရီးကြမ်း နှင်ခဲ့ကြတဲ့ PDF Bikerများ(ရုပ်သံသတင်း)

ရွှေနွယ်၊ဂျူချန်း

မဇ္ဈိမ။ ။ယောဒေသရဲ့ နာမည်ကျော်ပုံတောင်ပုံညာတောင်တန်းကြီးထဲက တောလမ်းကြမ်းမှာ တပတ်နွမ်းဆိုင်ကယ်သုံးစီး တရကြမ်းခရီးနှင်နေပါတယ်။ ဆိုင်ကယ်မောင်းနှင်နေသူတွေက ယင်းမာပင်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ရင်း (၃၅) က တပ်ဖွဲ့ဝင်လူငယ်သုံးဦးဖြစ်ပါတယ်။ ကျောင်းသုံးစာအုပ်တွေ၊ ကလေးကစားရာတွေကို ဆိုင်ကယ်တွေပေါ်မှာအကျအန ထုပ်ပိုးသယ်ဆောင်လာကြတာပါ။

ပုံတောင်ပုံညာတောင်တန်းကြီးကိုကျော်ရင်ရောက်မယ့် ရွာလေးတရွာကကြားကာလပညာရေးစာသင်ကျောင်းလေးဆီကို ဦးတည်မောင်းနှင်နေကြတာပါ။ အသွားအပြန် ခြောက်ရက်ကြာခဲ့တဲ့ ခရီးရဲ့ အဆုံးမှာတော့ သူတို့ရဲ့ ဆန္ဒတွေ ပြည့်ဝခဲ့ပြီလို့ PDF လူငယ်တွေက ဆိုပါတယ်။

တည်းဖြတ်/တင်ဆက် – ရွှေနွယ်၊ဂျူချန်း