ကြံခင်းမြို့တွင် စကြဝတေးမင်းကြီးသပိတ်ကော်မတီက ညသပိတ်ပြုလုပ်

မင်းထက်

မဇ္စျိမ။ ။ဧရာဝတီတိုင်း ၊ကြံခင်းမြို့နယ်တွင် ယနေ့ ဇန်နဝါ ရီလ ၂၅ ရက်နေ့ ညပိုင်းအချိန်က စကြဝတေးမင်းကြီး သပိတ်ကော်မတီအဖွဲ့မှ ဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ညသပိတ် ပြုလုပ်ခဲ့ကြသည်။

စကြဝတေးမင်းကြီး သပိတ်ကောင်မတီအဖွဲ့ဝင်အချို့က “တိုက်ပွဲမမျှော်နဲ့ ကိုယ်တိုင်တိုက်ပွဲခေါ်ကြ၊ ဖော်ကြစို့” စာသားပါ ဘန်နာ(ဗီနိုင်း)အား ကိုင်စွဲ၍ ကြံခင်းမြို့ပေါ်တနေရာ၌ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်တယ်ဟု သပိတ်ကော်မတီဝင်တဦးက ပြောသည်။

စကြဝတေးမင်းကြီး သပိတ်အဖွဲ့သည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ စတင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်များ စတင်ပြုလုပ်နေသည့်အဖွဲ့ဖြစ်ပြီး ယနေ့ ဆန္ဒထုတ်ဖော်မှုသည် စကြဝတေးမင်းကြီးသပိတ်အဖွဲ့၏ ၁၅၈ ကြိမ်မြောက် ဆန္ဒထုတ်ဖော်မှုဖြစ်သည်။

စာတည်း – သန့်ဇော်(သန်လျင်)