ရခိုင်ပြည်နယ်မှာ ဒုံးပျံနဲ့ပစ်လို့ ပျက်စီးသွားတယ်ဆိုတဲ့ ဓါတ်ပုံအမှား|Misinformation Buster S3|Ep.105

မဇ္ဈိပရိသတ်များအားလုံး မင်္ဂလာပါ။ သတင်းတု/မှား များကို တိုက်ဖျက်ခြင်း (Misinformation Buster) အစီအစဉ်ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ဒီတပတ်မှာတော့

– ရက္ခိုင့်တပ်တော် AA ခေါင်းဆောင်တွေရှိတဲ့နေရာကို ဗုံးကြဲတိုက်ခိုက်ပြီး AA ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် သေဆုံးတယ်လို့ ရုပ်သံဖိုင်အဟောင်းနဲ့ ဖြန့်ဝေထားတဲ့ သတင်းမှား

– ရခိုင်ပြည်နယ်မှာ ဒုံးပျံနဲ့ပစ်လို့ ပျက်စီးသွားတယ်ဆိုတဲ့ ဓါတ်ပုံအမှား

– လွဲမှားနေတဲ့ ဓါတ်ပုံနဲ့ AA က လူအစုလိုက် အပြုံလိုက်သတ်တယ်ဆိုတဲ့ သတင်းအမှား  စတဲ့ တပတ်အတွင်း မဇ္ဈိမက အချက်အလက်စစ်ဆေးထားတဲ့ သတိထားစရာ သတင်းတုသတင်းမှားတွေကို တင်ပေးတော့မှာပါ။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့်  ” t.ly/AjFbz ” သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။