FED မှ ဒါရိုက်တာ ဦးထူးချစ်နဲ့ဆက်သွယ်မေးမြန်းချက်

မိုးသောက်/မဲဆောက်(မဇ္ဈိမ)

“မြန်မာကြက်ခြေနီအသင်းဆိုတာကလည်း မြန်မာ စကစရဲ့လက်အောက်မှာ ရှိနေတော့ အကူအညီ‌တောင်းမယ့်သူတွေက စိတ်ပိုင်းလုံခြုံမှုရှိရဲ့လားဆိုတာ ကျနော်တို့အနေနဲ့စိုးရိမ်ပါတယ်”

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်ထဲမှာ မြန်မာဒုက္ခသည်တွေကို ထိုင်းအစိုးရ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေပေးဖို့အတွက် ရှေ့ပြေးဆောင်ရွက်ချက်တွေရှိနေပါတယ်။ထိုင်းအစိုးရတာဝန်ရှိသူတွေကတော့ လာမယ့် မတ်လ ပထမအပတ်ထဲမှာ အကူအညီတွေပေးရေးအတွက်ဆောင်ရွက်ဖို့ကြိုးပမ်းနေတယ်လို့ ထိုင်းသတင်းတွေအရသိရပါတယ်။

ဒီအစီအစဉ်ကို ထိုင်းနဲ့မြန်မာနှစ်ဖက် ကြက်ခြေနီအသင်းတွေပူးပေါင်းပြီးဆောင်ရွက်ကြတဲ့အတွက် ဒုက္ခသည်တွေအကြားစိုးရိမ်မှုတွေလည်းရှိပါတယ်။ ထိုင်း-မြန်မာနယ်စပ်မှာ လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးဆောင်ရွက်မှာနဲ့ပတ်သက်လို့ ဒါရိုက်တာဦးထူးချစ်နဲ့ဆက်သွယ်မေးမြန်းထားပါတယ်။

သတင်း၊တည်းဖြတ်- မိုးသောက်