ဒုဗိုလ်မှူးကြီး ပြုံး၍ သေဆုံးနေသည့်ပုံသည် ပြုပြင်ထားသည့်ပုံသာဖြစ် |Misinformation Buster S3|Ep.115

မဇ္ဈိပရိသတ်များအားလုံး မင်္ဂလာပါ။ သတင်းတု/မှား များကို တိုက်ဖျက်ခြင်း (Misinformation Buster) အစီအစဉ်ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။

ဒီတပတ်အစီအစဉ် မှာတော့

-အကျဉ်းထောင်ကနေ ပေးတဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည့် ရဲ့စာဟာ စာအဟောင်းသာဖြစ်တဲ့အကြောင်း

-စစ်ကောင်စီရဲ့ ဒုဗိုလ်မှူးကြီး ပြုံးပြီး သေဆုံးနေတဲ့ပုံက ပြုပြင်ထားတဲ့ပုံဖြစ်တဲ့အကြောင်း

– NUG ရဲ့ အချက်အလက်တွေ ပေါက်ကြားနေတယ်ဆိုတဲ့ သတင်းမှား  နဲ့

-အခုမေလအတွင်းမှာ ဘယ်လို သတင်းတုသတင်းမှားတွေကို သတိပြုသင့်သလဲဆိုတာတွေကို စုစည်းတင်ဆက်ပေးသွားမှာပါရှင်။

သတင်းဖတ်ရှုသူတွေအနေနဲ့ သတင်းတုလို့ သံသယရှိရင်ဖြစ်ဖြစ် သတင်းတုကိုတွေ့ခဲ့ရင်ဖြစ်ဖြစ် မဇ္ဈိမကို အချက်အလက် စစ်ဆေးဖို့အတွက် ပေးပို့လို့ရပါတယ်။ ပေးပို့မယ်ဆိုရင်တော့ t.ly/AjFbz ဆိုတဲ့ လင့်ကို ရိုက်ထည့်ပြီး သတင်းလင့်နဲ့တကွ စစ်ဆေးချင်တဲ့ အကြောင်းအရာကိုဖြည့်စွက်ပေးပို့နိုင်ပါတယ်။