ရန်ကုန်တွင် မတရားဖိနှိပ်ခံရမှုများကို ဆန့်ကျင်သည့် လူထုလှုပ်ရှားမှု ပြုလုပ်

ပုံ - စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစု (AJAY)

ပုံ – စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစု (AJAY)

ရောင်နီ

(မဇ္စျိမ)။ ။ စစ်ကောင်စီက လုံခြုံရေးတင်းကျပ်ထားသည့် ရန်ကုန်မြို့တနေရာတွင် လူထု၏အထွေထွေကျပ်တည်းမှုများနှင့် မတရားဖိနှပ်မှုများအား ဆန့်ကျင်သည့် လူထုလှုပ်ရှားမှုကို သပိတ်အဖွဲ့များစုပေါင်း၍ ပြုလုပ်ခဲ့ကြောင်း သိရသည်။

နေ့စဥ်နှင့်အမျှ မခံမရပ်နိုင်အောင် ကျပ်တည်းလာနေသည့် လူထု၏ အထွေထွေကျပ်တည်းမှုများနှင့် မတရားဖိနှိပ်ခံနေရမှုများကို ဆန့်ကျင့်သည့်အနေဖြင့် လှုပ်ရှားမှုကို ပြုလုပ်ခြင်းဟု ထုတ်ပြန်သည်။

အဆိုပါလှုပ်ရှားမှုကို ရွှေပြည်သာသပိတ်ကော်မတီ၊ စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု( AJAY )နှင့် ရန်ကုန်မြို့နေ တော်လှန်လူငယ်များမှ ပူးပေါင်းပါဝင်ဆောင်ရွက်ကြခြင်း ဖြစ်သည်။

လူထုလှုပ်ရှားမှုတွင် လျှပ်စစ်မီးများ ဆိုးရွားစွာပြတ်တောက်နေသည့်အခြေအနေ၊ စစ်ကောင်စီ၏ မတရားစစ်မှုထမ်းဥပဒေကို ကန့်ကွက်ရှုတ်ချဆန့်ကျင်ကြောင်းနှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဆန့်ကျင်ကြောင်း အစရှိသည့် ကြွေးကြော်သံများကို မီးတုတ်များကိုင်ဆောင်၍ ဟစ်ကြွေးခဲ့ကြပြီး အောင်မြင်စွာလှုပ်ရှားဆောင်ရွက်နိုင်ခဲ့ကြောင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု( AJAY )က ဓာတ်ပုံများနှင့်တကွ ထုတ်ပြန်ထားသည်။

စာတည်း – သန့်ဇော်(သန်လျင်)