ပခုက္ကူ ဖလံအိုကျေးရွာ၌တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်

ဒရုန်းတွင်ဗုံးသီးတပ်ဆင်နေသည့် Joker ပြောက်ကျားတပ်ဖွဲ့ ဝင် တဦးကို တွေ့ ရစဉ်

MTO

(မဇ္ဈိမ)။ ။မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ဖလံအိုကျေးရွာ၌တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာ ကွယ်ရေးပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ကြောင်း Joker ပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

မေလ ၂၆ ရက်နေ့ နံနက် ၄ နာရီတွင် သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ တိုက်ပွဲနှစ်နာရီနီးပါးကြာမြင့် ခဲ့ပြီး စစ်ကောင်စီဘန်ကာအချို့အတွင်းထိ ဝင်ရောက်ဖျက်ဆီးနိုင်ခဲ့ကြောင်း Joker ပြောက်ကျားတပ်ဖွဲ့ တာဝန်ခံ ကိုဘလိတ်က ပြောသည်။

“သူတို့ဘန်ကာတွေထဲအထိရောက်ခဲ့တယ်။ ဒါပေမယ့် ဘန်ကာတွေအကုန် မဖြိုလိုက်နိုင်တော့ စကစ ဘက်က ထိခိုက်သေဆုံးမှုကို အတိအကျမသိခဲ့ရဘူး” ဟု ၎င်းကပြောသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် နှစ်နာရီခန့်အကြာတွင် စစ်ကောင်စီဘက်မှ အင်အား ၇၀ နီးပါး စစ်ကူရောက် လာသည့်အတွက် စခန်းကိုအပြီးသတ်သိမ်းယူနိုင်ခဲ့ခြင်းမရှိဘဲ နံနက် ၆ နာရီဝန်းကျင်တွင် ပြန်လည် ဆုတ် ခွာခဲ့ရကြောင်း ကိုဘလိက်က ဆိုသည်။

တိုက်ပွဲအတွင်း PLA တပ်ဖွဲ့မှ ရဲဘော်တဦးကျဆုံးခဲ့ရပြီး ခြောက်ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း Joker ပြောက်ကျားတပ်ဖွဲ့ ထံမှ သိရသည်။ ယင်းအပြင် တိုက်ပွဲအတွင်း Joker ပြောက်ကျားတပ်ဖွဲ့ပိုင် ဒရုန်းတ စီးလည်း ဆုံရှုုံးခဲ့ရကြောင်း သိရသည်။

ဖလံအိုကျေးရွာတွင် စစ်ကောင်စီတပ်က အင်အား ၃၀ နီးပါးဖြင့် ဝင်ရောက်တပ်စွဲထားသည်မှာ သုံးလခန့် ရှိပြီဖြစ်ပြီး ကျေးရွာနေဒေသခံများသည် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်နေရကြောင်း သိရသည်။

ယခုတိုက်ခိုက်မှုကို JOKER ပြောက်ကျားတပ်ဖွဲ့(MYG)၊ ABSDF ၊ မြိုင် ပကဖ ၊ ပေါက် ပကဖ (ဦးကြီး) ၊ PLA ၊ PPDF ၊ ကမ္မတပ်ပေါင်းစု (KMDF) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

စာတည်း။ ။စောဖေ