နေအိမ်မီးရှို့ခံရသော ဂန့်ဂေါဒေသခံ ၃,၀၀၀ ကျော်အတွက် ယာယီတဲဆောက်လုပ်ရန် မိုးကာများ လိုအပ်

ပုံအညွှန်း။ ။ဂန့်ဂေါမြို့နယ် ၊ ရွှေဘိုရွာ လူနေအိမ်များမီးရှို့ခံရသည့်မြင်ကွင်း (ဓာတ်ပုံ။ ။ ကိုဘကောင်း) ကိုခင်မောင် (မဇ္စျိမ)။ ။မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် ရေသာနှင့် ရွှေဘိုကျေးရွာမှ နေအိမ် ၃၀၀ နီးပါကို စစ်ကောင်စီစစ် ကြောင်းက မီးရှို့ဖျက်ဆီးသွားပြီး…

မကွေးတိုင်း မြို့နယ်အချို့တွင် နှာခေါင်းစည်းတပ် အိတ်စလွယ်သိုင်း၍ သွားလာခြင်းမပြုရန် စစ်ကောင်စီ အမိန့်ထုတ်

ပုံအညွှန်း။ ။Pakokku People Defense Force( PPDF) ဓာတ်ပုံ။ ။ PPDF ကိုခင်မောင် (မဇ္စျိမ)။ ။မကွေးတိုင်းအတွင်းရှိ တောင်တွင်းကြီး၊ ပခုက္ကူ၊ အောင်လံ၊ မကွေးမြို့နယ်များတွင် နှာခေါင်းစည်း (mask)တပ်ပြီး လွယ်အိတ်စလွယ်သိုင်း၍သွားလာခြင်းမလုပ်ရန် စစ်ကောင်စီကအမိန့်ထုတ်ထားကြောင်း…

လူ ၁၆ ဦးသေဆုံးခဲ့ရသည့် အကြည်ပန်းပလွန်းရွာ လေကြောင်းမှတိုက်ခိုက်ခံရမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး ဆောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အား ဆက်သွယ်မေးမြန်းခြင်း

“ပထမအကြိမ်ကြဲတော့ ကျောင်းပြိုတယ်၊ နောက်တကြိမ် မီးလောင်ဗုံးနဲ့ထပ်ကြဲလိုက်တော့ မကယ်နိုင်ဘဲ မီးလောင်သေဆုံးသွားကြတာပါ” (မဇ္စျိမ)။ ။မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုတိုက်နယ်၊ အကြည်ပန်းပလွန်းကျေးရွာဘုန်းကြီးကျောင်း တွင် ပြည်သူများစုဝေးနေစဉ် စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းမှတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ အရပ်သား ၁၆ ဦးသေဆုံးခဲ့ကြောင်း ဆောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ထံမှသိရသည်။…

ပခုက္ကူမြို့နယ် သာကြီးတောင်ရေနံမြေရဲစခန်းမှ ရဲတပ်သား ကာကွယ်ရေးတပ်ဖွဲ့ထံခိုလှုံ

လွှမ်းမိုး (မဇ္စျိမ)။ ။မကွေးတိုင်း ၊ ပခုက္ကူ မြို့နယ် ၊ သာကြီးတောင် ရေနံမြေရဲစခန်းတွင် လုံခြုံရေး တာဝန်ထမ်းဆောင်နေသည့် ရဲတပ်သားတဦးသည် ဧပြီလ ၄ ရက်နေ့က သေနတ်နှစ်လက်ဖြင့် ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့…

ရေမျက်နီရွာ မီးလောင်ပြင်တွင် ပိတ်မိနေသည့် အဖိုးအဖွား၂ဦးကို YRA ကယ်ထုတ်

ကိုခင်မောင် (မဇ္စျိမ)။ ။မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ရေမျက်နီရွာ မီးလောင်မှုတွင် ပိတ်မိနေသည့် အဖိုးအဖွားနှစ်ဦးကို ကယ်ထုတ်ခဲ့ကြောင်း Yaw Revolution Army -ထီးလင်းအဖွဲ့က ယနေ့ ဧပြီလ ၆ရက်တွင် သတင်းထုတ်ပြန်သည်။ ဧပြီလ ၃ရက် နေ့လယ်…

နတ်မောက်တွင် စစ်မှုထမ်းဥပဒေကို ကူညီဆောင်ရွက်ပေးနေသော ပျူစောထီးခေါင်းဆောင်ဆိုသူ ပစ်သတ်ခံရ

ပုံအညွှန်း ။ ။သေဆုံးသွားသည့် ပျူခေါင်းဆောင်ထံမှသိမ်းဆည်းရရှိထားသော ပစ္စည်းများ (ဓာတ်ပုံ။ ။မကွေးပြောက်ကျားတပ်ဖွဲ့) ကိုခင်မောင် (မဇ္စျိမ)။ ။မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ တက်ဝန်းကျေးရွာမှ ပျူစောထီးခေါင်းဆောင် တိုင်းမြို့ဆိုသူ အား ပစ်ခတ်ခဲ့ရာ သေဆုံးသွားကြောင်း မကွေးပြောက်ကျားတပ်ဖွဲ့က ဧပြီလ ၂ရက်နေ့တွင်…

ရေမျက်နီကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့၊ နေအိမ် ၃၀၀ ခန့် မီးလောင်

ပုံအညွှန်း။ ။ ယနေ့ ဧပြီ၃ရက်နေ့နံနက်ပိုင်းတွင် စစ်ကောင်စီတပ်များ မီးတင်ရှို့နေသော ရေမျက်နီကျေးရွာမြင်ကွင်း(ဓာတ်ပုံ။ ။ CJ) ကိုခင်မောင် (မဇ္စျိမ)။ ။မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ရေမျက်နီကျေးရွာသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ် က မီးရှို့သဖြင့် နေအိမ် ၃၀၀…

ရေစကြိုတွင် စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်၊ ၃ ဦးသေဆုံးပြီ သေနတ် ၂ လက် သိမ်းဆည်းရရှိ

MTO (မဇ္ဈိမ)။ ။မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် အိမ်စီးကားနှင့်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကြား ဖြတ်တိုက်ခိုက်ခဲ့ရာ သုံးဦးသေဆုံးပြီး သေနတ်နှစ်လက်နှင့် ခဲယမ်းများသိမ်းဆည်းရမိကြောင်း မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ ဧပြီလ ၂ ရက်နေ့ နံနက် ၁၁ နာရီ…

မြိုင်မြို့နယ်၌ စစ်ကောင်စီနယ်လှည့်စစ်ကြောင်းကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်

ဝံပုလွေပြောက်ကျားတပ်ဖွဲ့ဝင်များ/ဓါတ်ပုံ – ဝံပုလွေပြောက်ကျားတပ်ဖွဲ့ (မြိုင်) ပါခွီး (မဇ္စျိမ)။ ။မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း နယ်လှည့်စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်ကို ကာကွယ်ရေးပူးပေါင်းအဖွဲ့ကတိုက်ခိုက်ခဲ့ကြောင်း မြိုင် ပကဖ တပ်ရင်း(၃) တပ်ခွဲ(၁) ဝံပုလွေ ပြောက် ကျားတပ်ဖွဲ့က ဧပြီလ ၃…

စစ်ကြောင်းယာဥ်တန်းဖြတ်လာနိုင်သည့်အတွက် တက်မတောင်အနီးက ဒေသခံများတိမ်းရှောင်ကြရန် PDF သတိပေး

ပခုက္ကူမြို့အခြေစိုက် တပ်မ (၁၀၁)မှ ထွက်ခွာလာသော စစ်ကောင်စီယာဥ်တန်း/ဓာတ်ပုံ CJ ကိုခင်မောင် (မဇ္စျိမ)။ ။မကွေးတိုင်း၊ပခုက္ကူမြို့ တပ်မ(၁၀၁)မှ ထွက်ခွာလာသည့် ကား ၁၁၂စီးပါ စစ်ကောင်စီတပ်ယာဥ်တန်းသည် ပေါက်မြို့နယ် တက်မတောင်အနီးသို့ ဖြတ်သန်းနိုင်သည့်အတွက် အနီးဝန်းကျင်ရှိ ဒေသခံများအနေဖြင့် တိမ်းရှောင်ကြရန်…