Project Mindat 2024 မှ ရရှိသော ရန်ပုံငွေဖြင့် CDF – Mindat ကို လက်နက်ခဲယမ်းများ တပ်ဆင်

ရန်ပုံငွေဖြင့်ဝယ်ယူထားသည့်လက်နက်ခဲယမ်းများအပ်နှံနေစဥ်/ဓါတ်ပုံ – CDF – Mindat

ပါခွီး

(မဇ္စျိမ)။ ။ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အခြေစိုက် ချင်းကာကွယ်ရေးတပ်ဖွဲ့ကို Project Mindat 2024 ကမ့်ပိန်းမှရရှိသောရန်ပုံငွေဖြင့် လက်နက်ခဲယမ်းများတပ်ဆင်နိုင်ခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) CDF – Mindat က ယနေ့ (မေလ ၂၇ ရက်)တွင် ထုတ်ပြန်သည်။

Project Mindat 2024 ကမ့်ပိန်းအဖြစ် CRPH – OFP ရန်ပုံငွေရှာဖွေရေးအဖွဲ့မှ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့အထိပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပရောဂျက်မှ အမေရိကန်ဒေါ်လာ ၁၀၄,၀၀၀ ရရှိခဲ့ပြီး မောင်းပြန်သေနတ် ၂၅ လက်နှင့် ကျည်ဆန် များဝယ်ယူပြီး မေလ ၂၄ ရက်နေ့တွင် CDF – Mindatထံ အပ်နှံပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်၌ဖော်ပြထား သည်။

Project Mindat 2024 ရာနှုန်းပြည့်အောင်မြင်နိုင်ရန်အတွက် CRPH – OFP ရန်ပုံငွေရှာဖွေရေးအဖွဲ့မှ ကိုဖြိုးနှင့် အတူ Fundraisers များ ၊ Heal The World မှ ဒေါက်တာအငြိမ်း ၊ Internation Mindat K’Cho Organization (IMCO) ၊ CEA (Europe) တို့နှင့် ပြည်သူများမှ အားဖြည့်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

ရန်ပုံငွေရှာဖွေရေးတွင် ကနဦးသတ်မှတ်ကာလအတွင်းမှာပင် ရည်မှန်းထားသော ပဏမထက်ကျော်လွန် အောင် ကမ့်ပိန်းတွင်ပါဝင်ကြသော အဖွဲ့အစည်းများနှင့် တော်လှန်ပြည်သူများကို အထူးကျေးဇူးတင်ရှိ ကြောင်း CDF – Mindat ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

စာတည်း။ ။စောဖေ