ပူတာအိုမှာ ဒေသခံတွေကို ကုမ္ပဏီစောင့် ပြည်သူ့စစ်အဖွဲ့ ပစ်ခတ်ရိုက်နှက်၊ ထိခိုက်ဒဏ်ရာရသူရှိ (ရုပ်သံ)

အဂမ်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်ရှိ လန်ဆယ်ဒေသမှာ ကုမ္ပဏီစောင့် ပြည်သူ့စစ်အဖွဲ့ဝင်တွေက ဒေသခံတွေကို ရိုက်နှက်ပြီး သေနတ်နဲ့လည်း ပစ်ခတ်တာကြောင့် ပြည်သူတဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ လန်ဆယ်ဒေသခံတွေက မဇ္ဈိမကို ပြောပါတယ်။

ဝေးလံပြီး သွားလာရခက်ခဲလွန်းတဲ့ လန်ဆယ်ဒေသမှာ ပြီးခဲ့တဲ့ မေလ ၁၈ ရက် မနက် ၁၀ နာရီအချိန်လောက်က NDAK လက်နက်ကိုင်အဖွဲ့ခေါင်ဆောင် ဦးဇခုန်တိန့်ယိန်းရဲ့သမီးပိုင်ဆိုင်တဲ့ ဂျိန်းဖော့မြေကုမ္မဏီစောင့် NDAK ပြည်သူ့စစ် စစ်သားတွေနဲ့ ဒေသခံရွားသားတွေကြား အချင်းများရာကနေ ပစ်ခတ်ရိုက်နှက်မှု ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

ဒီလိုတင်းမာမှု ဘာကြောင့်ဖြစ်လာတာပါလဲ။ အဂမ်ပေးပို့တဲ့သတင်းကို ရွှေနွယ်က တင်ဆက်ပေးထားပါတယ်။

သတင်း= အဂမ်
တင်ဆက်= ရွှေနွယ်
တည်းဖြတ်= နောင်နောင်