ဆန်ကုန်သည်များကိုစစ်ကောင်စီက စစ်ဆေးမေးမြန်းနေ

ဆန်စပါးအသင်းဥက္ကဋ္ဌ ဦးရဲမင်းအောင်

မဇ္ဈိမ။ ။ ဆန်ဈေးနှုန်းများ ကြီးမြင့်နေသည်ဟုအကြောင်းပြချက်ဖြင့် ဆန်ကုန်သည်များကို စစ်ကောင်စီကခေါ်ယူစစ်ဆေးမေးမြန်းနေသည်ဟု စီးပွားရေးအသိုင်းအဝိုင်းက ‌ပြောသည်။

” ဆန်စပါးအသင်း ဥက္ကဋ္ဌ နဲ့ နောက်တယောက်ကို နေပြည်တော်မှာ စစ်ဆေးနေတာ နှစ်ရက်လောက်ရှိပြီ” ဟု စီးပွားရေးလုပ်ငန်းရှင် တဦးက ‌ပြောသည်။

ပြည်ပသို့ ဆန်တင်ပို့သူများတွင် ပါဝင်သည့်ဆန်စပါးအသင်းဥက္ကဋ္ဌ ဦးရဲမင်းအောင်နှင့် အတွင်းရေးမှူးတို့အား ခေါ်ယူစစ်ဆေးနေခြင်း ဖြစ်‌ကြောင်း သိရသည်။

ဘုရင့်နောင်ရှိ ဆန်ပွဲရုံအချို့ကို ချိတ်ပိတ်ထားသည့် သတင်းများနှင့်ပတ်သက်ပြီး  မဇ္ဈိမက အတည်ပြုနိုင်ခြင်းမရှိသေးပေ။

ဆန်၊ ဆီနှင့် ဆေးဝါးဈေးနှုန်းများ မြင့်တက်နေသည်ဟုဆိုကာ ဇွန် ၁၉ ရက်က နေပြည်တော်တွင်ပြုလုပ်သည့် စစ်ကောင်စီ ဒုဝန်ကြီး ချုပ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီး ဦးဝင်းရှိန်ဦးဆောင်သည့် အစည်းအဝေးပြုလုပ်ခဲ့ပြီး ‌မြေပြင်တွင် လိုက်လံစစ်ဆေးအရေးယူရမည်ဟု ညွှန်ကြားခဲ့သည်။

ယင်းသို့ ညွှန်ကြားချက်ထွက်ပေါ်လာပြီးနောက်တွင် ဆန်ကုန် သည်များကို ခေါ်ယူစစ်ဆေးနေခြင်းဖြစ်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး