ဝင်းနိမ္မိတာရုံဆရာတော်ကို စစ်ကောင်စီတပ်ကပစ်သတ်မှု မြောင်မြို့နယ်မှ ဆရာ၊ ဆရာမများ ဆန္ဒပြ

008

(မဇ္ဈိမ)။ ။ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံဆရာတော်ကို စစ်ကောင်စီတပ်ကပစ်သတ်ခဲ့မှု သည်းခံစရာအကြောင်းမရှိ ဟု စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ရှိ ပညာရေးကျောင်းပေါင်း ၃၀ ကျော်မှ ဆရာ၊ ဆရာမများက ဇွန်လ ၂၄ ရက် နံနက် ၉ နာရီခန့်တွင် ဆန္ဒပြခဲ့ကြသည်။

ဝင်းနိမ္မိတာရုံဆရာတော်ကို စစ်ကောင်စီတပ်ကပစ်ခတ်သတ်ဖြတ်ခဲ့မှုအပေါ် သီတဂူဆရာ‌တော်က သည်း ခံကြရန်၊ ခွင့်လွှတ်ကြရန်နှင့် မေ့ပစ်ကြရန် မိန့်ကြားခဲ့သည့်အတွက် ကျူးလွန်ခဲ့သူ စစ်ကောင်စီတပ်၊ ကာ ကွယ်သူ သီတဂူဆရာတော်တို့ကို ဆန္ဒပြရခြင်းဖြစ်သည်ဟု ဆရာမတဦးကဆိုသည်။

“ကျွန်မတို့မြို့နယ်ထဲက ကျောင်းပေါင်း ၃၀ ကျော်က ပ/ဒု တာဝန်ခံ ဆရာ၊ ဆရာမတွေ ဦးဆောင်းပြီး ဆန္ဒ ပြကြတယ်။ သီတဂူက သည်းခံ၊ ခွင့်လွှတ်ခိုင်းတယ်။ ဒါကိုမကျေနပ်ဘူး။ စစ်ကောင်စီ ပစ်သတ်လိုက်တာ သာမာန်ဆရာတော်မဟုတ်ဘူး။ ဒါက အားလုံးသိတယ်။ စစ်တပ်ကို ဝန်ချမခိုင်းဘဲ ပြည်သူနဲ့ တပည့် ဒကာ၊ ဒကာမတွေကို သည်းခံဖို့၊ ခွင့်လွှတ်ဖို့ပြောတာကြီးက ပြည်သူတရပ်လုံး၊ သံဃာထုအားလုံးက မကျေနပ် ကြဘူး” ဟု ဆရာမတဦးကပြောသည်။

ဝင်းနိမ္မိတာရုံဆရာတော် ပစ်သတ်ခံရမှုနှင့်ပတ်သက်၍ ချောင်းဦးမြို့ရှိ ဆရာတော်၊ သံဃာတော်များက ဇွန်လ ၂၃ ရက်နေ့တွင် စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ် စတင်လိုက်ကြောင်း ကြေညာထား သည်။

စာတည်း။ ။စောဖေ