ဇွန်လ ၂၉ ရက်၊ စနေနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

ဒီကနေ့ညမှာတော့ – ကျောက်ကြီးမြို့နယ်မှာ ဒရုန်းဗုံးကြောင့် ဒေသခံ ခုနစ်ဦး သေဆုံးခဲ့တဲ့သတင်းနဲ့အတူ -လားရှိုးမြို့ကို ဆက်သွယ်ထားတဲ့ တံတားငါးစင်း မိုင်းခွဲဖျက်ဆီးခံရတဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ ဆက်လက်ပြီး တစ်ပတ်အတွင်းက ထူးခြား နိုင်ငံတကာသတင်းအချို့ကို ကောက်နှုတ်ထုတ်လွှင့်သွားမှာပါ။

နောက်ထပ်အစီအစဉ်အနေနဲ့ – မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားမှ ရွှေ့ပြောင်းလုပ်သား ၂၆၀၀၀ ကို ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီးလိုက်တဲ့အကြောင်း သတင်းလွှာကိုတင်ဆက်ပေးမှာပါ။ အဲ့ဒီနောက်မှာတော့ အပတ်စဉ်ကဏ္ဏအစီအစဉ်ဖြစ်တဲ့ “Editorial talk” အစီအစဉ်ကိုလည်းနားဆင်ရဖို့ရှိပါတယ်’။

နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။ အခုကတော့ ပထမဆုံးအနေနဲ့ ပြည်တွင်းသတင်းတွေကို တင်ဆက်ပေးမှာပါ။ ဂျူချန်းနဲ့အတူတင်ဆက်ပေးပါမယ်ရှင်။