ရဲဘော် ခွေးဘီလူး | မသေပဲ ပြောတဲ့ ဟာသ

“ခွေးဘီလူး” ဆိုတဲ့ အသက် ၂၀ ကျော်အရွယ် အမျိုးသားတဦးကို ကရင်နီဒေသက တော်လှန်ရေး အဖွဲ့တော်တော်များများက လေးစား ချစ်ခင်ကြပါတယ်။ သူဟာ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့ (CRTF) မှာ တာဝန်ထမ်းဆောင်နေသူလည်း ဖြစ်ပါတယ်။

“စစ်ကြောင်းထွက်ရင် အများဆုံးက တောင်တွေတက်ရတာများတာနဲ့ ပြေးရင်းလွှားရင်း ခဏခဏချော်လဲပြီး သေနတ်က ပိနေတာများတယ်၊ ရဲဘောါတယောက်မှ လာမထူပေးဘဲထိုင်ရယ်နေကြတယ်၊ ဒါပေမယ့် စစ်ကြောင်းထွက် ရှေ့တန်းထွက်ရရင် တအားပျော်တယ်” လို့ ရဲဘော် ခွေးဘီလူးက ပြောပါတယ်။

တက္ကသိုလ် ကျောင်းသားတဦးလည်းဖြစ်ပြီး စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ဆန္ဒပြနေရင်း စစ်ကောင်စီက အကြမ်းဖက်လာတဲ့အခါမှာတော့ UG အနေနဲ့ မစ်ရှင် ငါးခုလုပ်ဆောင်ခဲ့ပြီး ရဲစခန်းတစ်ခုကို သုံးကြိမ်ဖောက်ခွဲမှုတွေလုပ်ဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။