ခါမ်းပါတ်မြို့ တပ်စခန်းက ထွက်ပြေးသည့် စစ်ကောင်စီတပ်သားများ အိန္ဒိယနိုင်ငံ အတွင်းဝင်ရောက်
ပါခွီး (မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ တမူးမြို့နယ် ၊ ခါမ်းပါတ်မြို့တပ်စခန်းကို တော်လှန်ရေး မဟာမိတ်များ စီနင်းတိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်သားများထွက်ပြေးသွားကြပြီး အိန္ဒိယနိုင်ငံအတွင်းသို့ဝင်ရောက်သွားခဲ့ကြောင်း ဒေသခံကာကွယ်ရေးသတင်းအရင်းမြစ်က ပြောသည်။ “အိန္ဒိယဖက်ကိုဝင်သွားကြပြီ ၊ ဟိုဖက်က ကုလား(အိန္ဒိယ)စစ်တပ်က…