သုံးနှစ်အတွင်း မြန်မာစစ်တပ်ရဲ့ ကျဆုံးခန်း

(ဓားရိုင်း) လွန်ခဲ့တဲ့သုံးနှစ်က လက်နက်အားကိုးပြီး အပြစ်မဲ့ပြည်သူတွေအပေါ် ယုတ်မာချင်တိုင်းယုတ်မာ၊ ရက်စက်ချင်တိုင်း ရက်စက်ယုတ်မာခဲ့တဲ့ အာဏာသိမ်းစစ်တပ်ရဲ့လုပ်ရပ်တွေကို မှတ်မိနေကြဦးမယ်ထင်ပါတယ်။ စစ်အာဏာသိမ်း မှုကို လမ်းပေါ်ထွက်ပြီးဆန့်ကျင်တဲ့ လက်နက်မဲ့ပြည်သူတွေကို ဦးခေါင်းတွေရွေးပစ်ပြီး သတ်ပစ်ခဲ့တာ၊ ငြိမ်းချမ်း စွာဆန္ဒထုတ်ဖော်တဲ့ပြည်သူတွေကို ကျည်ဆန်တွေ၊ အသံဗုံးတွေ၊ မျက်ရည်ယိုဗုံးတွေသုံးပြီးဖြိုခွင်းခဲ့တာ၊…