သုံးနှစ်အတွင်း မြန်မာစစ်တပ်ရဲ့ ကျဆုံးခန်း

(ဓားရိုင်း)

လွန်ခဲ့တဲ့သုံးနှစ်က လက်နက်အားကိုးပြီး အပြစ်မဲ့ပြည်သူတွေအပေါ် ယုတ်မာချင်တိုင်းယုတ်မာ၊ ရက်စက်ချင်တိုင်း ရက်စက်ယုတ်မာခဲ့တဲ့ အာဏာသိမ်းစစ်တပ်ရဲ့လုပ်ရပ်တွေကို မှတ်မိနေကြဦးမယ်ထင်ပါတယ်။ စစ်အာဏာသိမ်း မှုကို လမ်းပေါ်ထွက်ပြီးဆန့်ကျင်တဲ့ လက်နက်မဲ့ပြည်သူတွေကို ဦးခေါင်းတွေရွေးပစ်ပြီး သတ်ပစ်ခဲ့တာ၊ ငြိမ်းချမ်း စွာဆန္ဒထုတ်ဖော်တဲ့ပြည်သူတွေကို ကျည်ဆန်တွေ၊ အသံဗုံးတွေ၊ မျက်ရည်ယိုဗုံးတွေသုံးပြီးဖြိုခွင်းခဲ့တာ၊ ဖမ်းဆီး သတ်ဖြတ်ခဲ့တာ၊ နိုင်ငံရေးအကျဉ်းသားတွေကို တဖက်သတ်စွဲချက်တွေနဲ့ သေဒဏ်ချမှတ်ခဲ့တာ စုံလို့ပါပဲ။ ဒီဒဏ် တွေကိုမခံနိုင်တဲ့အဆုံး ပြည်သူတွေဟာ ရရာလက်နက်စွဲကိုင်ပြီး နွေဦးတော်လှန်ရေးခရီးကို အစပျိုးခဲ့ကြတာဖြစ် ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ နိုင်ငံအတွင်း ဒေသအသီးသီးမှာပြန့်ကျဲ နေတဲ့ တော်လှန်ရေးအင်အားစုတွေကိုစုစည်းခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်းတွေ၊ ပြည်သူ့ ကာကွယ်ရေးအဖွဲ့(ပကဖ)တွေအဖြစ်စုစည်းနိုင်ခဲ့ပြီးနောက် ၂၀၂၁ စက်တင်ဘာ ၇ ရက်မှာ အမျိုးသားညီညွတ်ရေး အစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ဖို့ ရည်ရွယ်ချက်နဲ့ “ပြည်သူ့ ခုခံတွန်းလှန်စစ်”စတင်ပြီဖြစ်ကြောင်း ကြေညာခဲ့တာဖြစ်ပါတယ်။ ပြည်သူ့ ခုခံတွန်းလှန် စစ် တနှစ်အတွင်းမှာပဲ တော်လှန်ရေးအင်အားစုတွေဟာ စစ်ကောင်စီတပ်စခန်းကိုတိုက်ခိုက်လာနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်ပေါင်း ၂၀,၀၀၀ ကျော်ကိုချေမှုန်းနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် တနိုင်ငံလုံး မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့အနက် မြို့နယ် ၂၅၀ ကျော်မှာ မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကို NUG အနေနဲ့ စနစ်တကျနဲ့ဖွဲ့ စည်းလာနိုင်ခဲ့သလို မြို့နယ်ပေါင်း ၂၄ မြို့ နယ်ကိုလည်း စိုးမိုးနယ်မြေတွေအဖြစ် ကြေညာနိုင်ခဲ့တာပါ။

အချိန်တိုအတွင်းမှာပဲ တော်လှန်ရေးအင်အားစုတွေ အားကောင်းလာမှုအပြင် စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေ မှုန်းရေးမှာအတူပါဝင်လာတဲ့ တော်လှန်ရေး တိုင်းရင်းသားတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေကို စစ်ကောင်စီအနေနဲ့ နိုင်ငံအနှံ့အပြားမှာ ခံလာရတာဖြစ်ပါတယ်။ စစ်တပ်ကအာဏာသိမ်းပြီး တနှစ်ခွဲကျော် နှစ်နှစ်အတွင်းမှာပဲ မြန်မာ စစ်တပ်အနေနဲ့ တိုင်းပြည်အနှံ့ကို တပ်ဖြန့်ခွဲရတဲ့အခြေအနေရောက်လာခဲ့ပြီး တော်လှန်ရေးအင်အားစုတွေကိုထိန်း ချုပ်နိုင်ဖို့ ကြိုးစားလာရတာဖြစ်ပါတယ်။ ဒါပေမဲ့ စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက် အောက်က မြန်မာစစ်တပ်ရဲ့ တိုက်ရည်ခိုက်ရည်နဲ့ တိုက်ခိုက်လိုစိတ်မှာ တော်လှန်ရေးအင်အားစုတွေကို မယှဉ်နိုင် ဘဲ အလဲလဲအပြိုပြိုဖြစ်ခဲ့တာ တွေ့ရပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ အရှေ့ပိုင်းနဲ့ ဧရာဝတီတိုင်းကလွဲပြီး ကျန် တိုင်းနဲ့ ပြည်နယ်နေရာစုံမှာ တိုက်ပွဲတွေကျယ်ပြန့်လာတာနဲ့အမျှ စစ်ကောင်စီအတွက် ဖိအားတွေ အခက်အခဲတွေ အမျိုးမျိုးနဲ့ ကြုံတွေ့လာခဲ့ရတာပါ။ အဓိကအနေနဲ့ တနိုင်ငံလုံးအနှံ့တပ်ဖြန့်ထားရပြီး တိုက်ပွဲဝင်နေရတဲ့အတွက် မြန်မာစစ်တပ် စစ်အင်အား မလုံလောက်တာကို ရှင်းလင်းစွာမြင်တွေ့လာရပြီး စစ်စခန်းတခုအတိုက်ခံရပါက မြေပြင်ကနေ စစ်ကူမပေးနိုင်တော့တာ တွေ့ခဲ့ရပါတယ်။ သိမ်းပိုက်ခံရတဲ့ တပ်စခန်းတွေကို ပြန်လည်စစ်ဆင်ပြီး သိမ်းပိုက်နိုင်တာမရှိတော့တဲ့အပြင် မလုံခြုံတော့တဲ့ စစ်တပ်စခန်းနဲ့ ရဲစခန်းငယ်တွေကိုလည်း ဆုတ်ခွာရုပ်သိမ်း ခဲ့ရတာကြောင့် တော်လှန်ရေး တိုင်းရင်းသားတပ်ဖွဲ့တွေနဲ့ PDF တွေရဲ့ ထိန်းချုပ်နယ်မြေတွေ ပိုမိုကျယ်ပြန့်လာခဲ့ တာတွေ့ရပါတယ်။ ရန်ကုန်နဲ့ မန္တလေးလို မြို့ကြီးပြကြီးတွေက စစ်ကောင်စီတပ်စခန်းတွေအထိ ခြိမ်းခြောက်ခံ လာရပြီး ဘန်ကာတွေအထပ်ထပ်နဲ့ စစ်ကောင်စီတပ်သားတွေ လုံခြုံရေး ယူနေရတဲ့အထိဖြစ်လာခဲ့တာပါ။

တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ပြည်သူ့ခုခံတွန်းလှန်စစ် နှစ်နှစ်ပြည့်ချိန်မှာ တိုက်ပွဲအကြိမ်ရေ ၉,၉၀၀ လောက်ဖြစ်ပွား ခဲ့ပြီး စစ်ကောင်စီတပ်သား ၃၀,၀၀၀ လောက်ကိုချေမှုန်းနိုင်ခဲ့တယ်လို့ ပြည်သူ့ခုခံတွန်းလှန်စစ် နှစ်နှစ်ပြည့် အစီရင် ခံစာမှာ NUG ကဖော်ပြခဲ့တာတွေ့ရပါတယ်။ နှစ်နှစ်အတွင်း စစ်ကောင်စီတပ် စုစုပေါင်းအင်အားရဲ့  ၁၂ ဒသမ ၅  ရာခိုင်နှုန်းလောက်စစ်မြေပြင်မှာပြုန်းတီးခဲ့သလို  တပ်ပြေးတွေ၊ စစ်တိုက်ဖို့ငြင်းဆန်မှုကြောင့် ထောင်သွင်းအကျဉ်း ချခံရသူတွေ အရေအတွက်မှာလည်း ထောင်ချီရှိနိုင်တယ်လို့ NUG ကဆိုခဲ့ပါတယ်။ ဒါ့အပြင် ပြည်သူ့ဘက်ကိုကူး ပြောင်းလာတဲ့ တပ်မတော်သားနဲ့ ရဲတပ်သားအရေအတွက်မှာလည်း ၁၄,၀၀၀ ကျော်ရှိခဲ့ပြီး အဲဒီထဲမှာ ဒုဗိုလ်မှူး ကြီးအဆင့် အရာရှိကြီးတွေအပါအဝင် အရာရှိ၊ အကြပ်စစ်သည် များစွာပါဝင်ခဲ့တယ်လို့ ဆိုထားပါတယ်။ လက်ရှိ မှာလည်း စစ်ကောင်စီဘက်က တပ်ရင်း တပ်ဖွဲ့အလိုက် လက်နက်ချအညံ့ခံမှုတွေ ဆက်တိုက်ရှိနေတာကြောင့် အရေအတွက် ပိုပြီးတိုးလာနေတာဖြစ်ပါတယ်။ ပြည်သူ့ဘက်ကို ရပ်တည်ကူးပြောင်းလာတဲ့ တပ်မတော်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေထဲက ၄၀၀ ကျော်ဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရဲဘော်တွေအဖြစ်ခံယူပြီး စစ်ရုံး ချုပ်နဲ့ တပ်ရင်းတပ်ဖွဲ့တွေ၊ စစ်ကြောင်းတွေမှာ တာဝန်ထမ်းဆောင်နေကြပြီဖြစ်တယ်လို့လည်း NUG ကထုတ်ပြန် ထားခဲ့တာပါ။ ပြည်သူ့ခုခံတွန်းလှန်စစ် နှစ်နှစ်ပြည့်ပြီး မကြာခင်မှာပဲ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေး တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကြား ကြီးမားတဲ့အလှည့်အပြောင်းတခု လျင်လျင်မြန်မြန်ပဲ ရောက်လာခဲ့တာဖြစ်ပါတယ်။ အဲဒါကတော့ အွန်လိုင်းလောင်းကစားလိမ်လည်မှုတွေလုပ်နေ တဲ့ ကျားဖြန့်လုပ်ငန်းတွေနှိမ်နှင်းရေးနဲ့ မြန်မာပြည်သူတရပ်လုံး လိုလားတောင်းတနေတဲ့ စစ်အာဏာရှင်အမြစ် ပြတ်ရေးခေါင်းစဉ်နဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်မှာစတင်ခဲ့တဲ့ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ စစ်ဆင်ရေး ၁၀၂၇ ပဲဖြစ်ပါတယ်။

မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ဒီဟန်ချက်ညီစစ်ဆင်ရေးဟာ ပြိုကျ ဖို့မလွယ်ဘူးလို့ အချိန်ကာလတစ်ခုအထိယူဆခံထားရတဲ့ မြန်မာစစ်တပ်ရဲ့ပြိုကျနိုင်တဲ့အလားအလာကိုမီးမောင်း ထိုးပြသွားနိုင်ခဲ့တာတွေ့ရပါတယ်။ ဒီစစ်ဆင်ရေးအတွင်း စခန်းပေါင်း ၅၀၀ ကျော်နဲ့ မြို့ပေါင်း ၂၀ ကျော် သိမ်းပိုက် နိုင်ခဲ့ပြီး ရှမ်းပြည်မြောက်ပိုင်းနဲ့ ရခိုင်ပြည်နယ်မှာ စစ်တပ်အင်အား ၇,၀၀၀ လောက် သေဆုံး၊ ဖမ်းမိ၊ လက်နက်ချ တာတွေအထိ ပြုန်းတီးအောင်လုပ်နိုင်ခဲ့တာကိုကြည့်ရင် မြန်မာစစ်တပ်ပြိုဆင်းနေမှုကိုတွေ့နိုင်ပါတယ်။ တနည်း အားဖြင့် မြန်မာစစ်တပ်ကိုပြိုကွဲအောင်တိုက်နိုင်တယ်ဆိုတာကို ပြသလိုက်တာလည်းဖြစ်ပါတယ်။ ရှမ်းမြောက်မှာ မြို့တွေ တမြို့ပြီးတမြို့ကျဆုံးတဲ့အပြင် လောက်ကိုင်မှာ ထောင်နဲ့ချီတဲ့စစ်သားတွေ လက်နက်ချလိုက်ရတာဟာ မြန်မာစစ်တပ်ကိုသာမက စစ်တပ်ထောက်ခံသူတွေကိုပါ အထိတ်တလန့် ဖြစ်စေခဲ့တာတွေ့ရပါတယ်။ ဒါဟာ စစ်ကောင်စီတပ်တွေကို စိတ်ဓာတ်ရေးရာအရ ပြင်းပြင်းထန်ထန်ထိခိုက်စေခဲ့တဲ့အပြင် မြန်မာစစ်တပ်ရဲ့ ပြိုဆင်း နေမှုကိုပါ သက်သေပြလိုက်တာလည်းဖြစ်ပါတယ်။ တခြားစစ်မျက်နှာတွေဖြစ်တဲ့ ကချင်၊ စစ်ကိုင်း၊ မကွေး၊ ချင်း၊ ကရင်၊ ကရင်နီ၊ တနင်္သာရီ နဲ့ ရခိုင်စစ်မျက်နှာတွေမှာလည်း စစ်ကောင်စီတပ်အနေနဲ့ အလူးအလဲခံနေရပြီး စစ်အင် အားပြုန်းတီးနေခဲ့တာဖြစ်ပါတယ်။ ကရင်နီပြည်နယ်မှာဆိုရင် လွိုင်ကော်(ဒကစ)နဲ့ လွိုင်ကော်အကျဉ်းထောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်လောက်ပဲကျန်တော့တာဖြစ်ပြီး ပြည်နယ်ရဲ့ ၈၀ ရာခိုင်နှုန်းလောက်ကို ကရင်နီ တော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ ကျန်ဒေသတွေမှာလည်း တော်လှန်ရေးတပ်ဖွဲ့က နယ်မြေစိုးမိုးထားနိုင်မှုတွေ တဖြည်းဖြည်းကျယ်ပြန့်လာနေတာဖြစ်ပါတယ်။

ရခိုင်စစ်မျက်နှာဘက်မှာဆိုရင်လည်း ရက္ခိုင့်တပ်တော်(AA)က စစ်ကောင်စီအတွက်အရေးပါတဲ့ ချင်းပြည်နယ်က ပလက်ဝမြို့အပါအဝင် တပ်စခန်းပေါင်း ၁၅၀ ကျော်ကိုသိမ်းပိုက်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ရခိုင်ပြည် နယ်အတွင်းက မြောက်ဦးနဲ့ ပေါက်တော အပါအဝင် မြို့တချို့ကိုလည်း ထိန်းချုပ်ထားနိုင်ခဲ့တာတွေ့ရပါတယ်။ ရခိုင်စစ်မျက်နှာ စစ်ကောင်စီတပ်သားတွေ မကြာခဏ အိန္ဒိယဘက်ကိုထွက်ပြေးနေရတာကိုကြည့်ရင် အခြေအနေ ဘယ်လောက်အထိဆိုးနေတယ်ဆိုတာ သိနိုင်ပါတယ်။ လက်ရှိမှာ တနိုင်ငံလုံးအနှံ့တပ်ဖြန့်ထားရတဲ့ စစ်ကောင်စီ တပ်အခြေအနေကိုကြည့်မယ်ဆိုရင် တိုင်းတပ်ရှစ်ခုက တပ်တွေ၊ တပ်မ ကိုးခုနဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) ၁၃ ခုက တပ်တွေ စုစုပေါင်း တပ်ရင်း ၃၈၀ လောက်ဟာ အထိနာနေပြီး တပ်အင်အားတွေလျော့ကျနေ သလို ပြန်လည်ဖြည့်တင်းနိုင်စွမ်းနဲ့ အနားပေးနိုင်စွမ်း မရှိတာကို တွေ့နေရပါတယ်။ အထိနာနေတဲ့ တပ်တွေမှာ ကြည်းတပ်အင်အားရဲ့ ၇၀ ရာခိုင်နှုန်းနီးပါး ရှိနေတာဖြစ်ပါတယ်။ အထိမနာသေးတဲ့တပ်တွေဟာလည်း အနား မရဘဲ တပ်ပမ်းနေတာဖြစ်ပါတယ်။ စစ်ကောင်စီဘက်မှာ လေတပ်နဲ့ ရေတပ်ဟာ အခုအချိန်ထိ အထိမနာသေးတဲ့ တပ်တွေအဖြစ်ရှိနေပြီး ရေတပ်ကတော့ ရခိုင်မှာသာ စစ်ဆင်ရေးပါဝင်နိုင်ပြီး ပစ်ကူနဲ့ သယ်ယူပို့ဆောင်ရေးတာဝန် ယူနေတာဖြစ်ပါတယ်။ လေတပ်ကတော့ မြန်မာပြည်အနှံ့မှာ ပစ်ကူရော၊ သယ်ယူပို့ဆောင်ရေးတာဝန်ရော ယူနေ တာဖြစ်ပါတယ်။ 

အခုနောက်ပိုင်း တော်လှန်ရေးအင်အားစုတွေဘက်က စစ်ကောင်စီလေယာဉ်တွေကို ပစ်ချနိုင်တဲ့အစွမ်းတွေရှိလာ တာတွေ့ရပြီး တကယ်တမ်းမှာ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေဟာလည်း တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ မြို့သိမ်းတိုက်ပွဲတွေကို မဟန့်တားနိုင်ခဲ့ပါဘူး။ စစ်ကောင်စီရဲ့အဓိကအင်အားမှာ ကြည်းတပ်သာဖြစ်ပြီး လေတပ်နဲ့ ရေတပ်ဟာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စခန်းသိမ်းတိုက်ပွဲတွေနဲ့ မြို့သိမ်းတိုက်ပွဲတွေကို အဆုံးအဖြတ်မပေးနိုင် တာ တွေ့ရပါတယ်။ လက်ရှိ ကြည်းတပ်မှာ တိုင်းစစ်ဌာနချုပ် ၁၄ ခုနဲ့ ခန့်မှန်း တိုင်းတပ် ၂၄၅ ရင်းရှိပြီး စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (စကခ) ၃၀ အောက်မှာ တပ်ရင်း ၃၀၀ ရှိနေတာဖြစ်ပါတယ်။ အဲဒါကြောင့်စစ်ကောင်စီရဲ့ကြည်း တပ်မှာ ခြေလျင်၊ ခြေမြန် တိုက်ခိုက်ရေးတပ်ရင်း ၅၂၅ ရင်းကနေ အများဆုံး ၅၄၅ ရင်းအထိရှိနိုင်ပြီး တိုင်းစစ်ဌာန ချုပ် နယ်မြေအလိုက် တိုက်ခိုက်နေရတာဖြစ်ပါတယ်။ အထက်မှာပြောခဲ့သလို အဲဒီတပ်ရင်းတွေအားလုံးနီးပါး အထိနာနေတာဖြစ်ပါတယ်။ အခုနောက်ဆုံး လောက်ကိုင်မှာ လက်နက်ချခဲ့တဲ့ ဗိုလ်မှူးချုပ်တွေကို ပြင်းပြင်း ထန် ထန်အရေးယူလိုက်တာနဲ့ပတ်သက်လို့ တပ်တွင်းသဘောထားကွဲလွဲမှုတွေမြင့်တက်နေခဲ့တာတွေ့ရပါတယ်။ အချိန် မရွေး စစ်ကောင်စီ ထိပ်ပိုင်းခေါင်းဆောင်တွေကြားမှာ ထပြီးပေါက်ကွဲလာနိုင်တဲ့အလားအလာမျိုးတွေရှိနေတာဖြစ် ပါတယ်။ ဒီအခြေအနေတွေကိုခြုံကြည့်မယ်ဆိုရင် စစ်တပ်ကအာဏာသိမ်းခဲ့တဲ့ သုံးနှစ်တာကာလအတွင်းမှာ မြန်မာစစ်တပ်ရဲ့ကျဆုံးခန်းတွေဟာ တားမရဆီးမရ ပြိုဆင်းနေခဲ့ပြီဆိုတာ သိသာထင်ရှားနေပါတယ်။  ။

SEO-