နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၇ အောက်တိုဘာ၂၀၂၃) 

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၇ အောက်တိုဘာ၂၀၂၃)

အမျိုးသားညီညွတ်ရေးအစိုးရ 

ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ အုတ်ဖိုကျေးရွာကမ်းနာဆိပ်ဇရပ်တွင် သဲအိတ်ဘန်ကာနှင့် ကင်းစောင့် နေ သည့် အကြမ်းဖက်ကင်းစခန်းကို KNLA/PDF တော်လှန်ရေး မဟာမိတ်အဖွဲ့က သွားရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ရာအကြမ်းဖက် စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း PDF တပ်ရင်း ၃၇၀၂ ၊ တပ်ခွဲ ၄ မှ သတင်းထုတ်ပြန်ထားသည်။ 

သံအမတ်ကြီး ဦးကျော်မိုးထွန်းက စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများ ရပ်တန့်မည့် အခြေနေမရှိ သည့် အတွက် စစ်အာဏာရှင်ချုပ်ငြိမ်းရေးနှင့် ဒီမိုကရေစီပြန်လည်ထွန်းကားရန် အတွက် ဆုံးဖြတ် ချက်ကို နိုင်ငံတကာအသိုင်းဝိုင်းက အချိန်မှီချမှတ်ရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။ 

အမျိုးသားညီညွတ်​ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း၊ မကွေးတိုင်းနဲ့ မန္တလေးတိုင်းတို့မှာရှိသော မြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးမှုအစည်းအဝေး (၂၀/၂၀၂၃)ကို အောက်တိုဘာ ၁၆ ရက် မနက် ၁၀ နာရီမှာ တွေ့ဆုံခဲ့ကြသည်။ 

ချင်းပြည်နယ်အတွင်း မြေပြင်ရှေ့တန်းစခန်းများက တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများကို အမျိုး သားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာငိုင်းတမ်မောင်း ဦးဆောင်သည့်အဖွဲ့ သွားရောက် တွေ့ဆုံခဲ့ ကြောင်း အောက်တိုဘာ ၁၆ ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။ 

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟို ကော်မတီနှင့် စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး (၄၁/၂၀၂၃)ကို အောက်တိုဘာ ၁၆ ရက် မွန်းလွဲ ၃ နာရီမှာ ပြုလုပ်ခဲ့ကြသည်။ 

အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်ဇင်မာအောင် ပါဝင်သည့်အဖွဲ့နှင့် ချက်နိုင်ငံ အထက်လွှတ်တော် ဒုတိယဥက္ကဋ္ဌ Jiří Oberfalzer၊ အထက်လွှတ် တော် နိုင်ငံခြားရေး၊ ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဥက္ကဋ္ဌ Pavel Fischer တို့ အောက်တိုဘာ ၁၆ ရက်နေ့ ညနေပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ 

နယူးယောက်မြို့၌ ကုလဆိုင်ရာမလေးရှားနိုင်ငံ အမြဲတမ်းကိုယ်စားလှယ်၊ မစ္စရန်ဟီးလီအဖွဲ့နှင့် NUG တာဝန်ရှိသူများတွေ့ဆုံခဲ့ကြောင်း သိရသည်။ 

စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတို့ပါဝင်သော အမှတ် ၁ စစ်ဒေသ၌ စက်တင်ဘာလ တိုက်ပွဲများတွင် စစ်တပ်ဘက်မှ စစ်သား ၁၇၅ ဦးသေဆုံးခဲ့ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။ 

တော်လှန်ရေး လှုပ်ရှားမှုများ 

စစ်ကိုင်းတိုင်း ၊ ကလေးမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးနှင့် ကချင်ပြည်နယ် မုန်လိုင်ခက် ပြည်သူများနှင့် အတူရပ်တည်ကြောင်းပြသသည့် သွေးစည်းညီညွတ်ရေးလူထုချီ တက်ပွဲကို ကလေးမြို့ပင်မသပိတ်က ယနေ့ အောက်တိုဘာလ ၁၇ ရက်တွင် ပြုလုပ်ခဲ့ကြသည်။ 

စစ်ကိုင်းတိုင်း ခင်ဦးမြို့ပေါ်တွင် အကြမ်းဖက်စစ်သားများကို PDF က ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၃ ဦး သေဆုံးပြီး MA1 သေနတ် ၂ လက်ရရှိခဲ့ကြောင်း ခင်ဦးမြို့နယ် ပ.က.ဖ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ 

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ထိန်ကန်ရွာ၌ တပ်စွဲထားသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေါင်းမျိုးဆက် (PGZ) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ 

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်ရှိ မြို့သာရဲစခန်းအား ပစ်ခတ်တိုက်ခို​က်ရာ အရာရှိတစ်ဦးအပါအဝင် နှစ်ဦးသေဆုံးကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။ 

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ် အနောက်ခြမ်းနှင့် ရွှေဘိုဝက်လက်နယ် အရှေ့ခြမ်းတို့တွင် စစ်ကောင် စီ တပ်က ကျေးရွာများအား အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်နေ၍ ပြည်သူအချို့ ထိခိုက် ဒဏ်ရာရ ရှိခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။ 

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းအား မိုင်းဆွဲတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိကြောင်း ငါန်းဇွန်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။ 

မြန်မာ- တရုတ်နယ်စပ် ကချင်လွတ်မြောက်ရေးတပ်မတော်အခြေစိုက်ရာ လိုင်ဇာမြို့ အနီးရှိ မုန်လိုင်ခတ်စစ်ဘေးရှောင်ကို စစ်ကောင်စီက ကြီးမားပြင်းထန်သည့် unguided bomb အသုံးပြု ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ( AI ) က သတင်းထုတ်ပြန်လိုက်သည်။ 

အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေးဖြစ်စဥ်၌ ပါဝင်လုပ်ဆောင်ရာတွင် ရည်ရွယ်ချက် ကောင်းသော်လည်း လမ်းကြောင်းအမှားဖြင့် ချဥ်းကပ်နေခြင်းဖြစ်ကြောင်း India for Myanmar လှုပ်ရှားမှုဦးဆောင်သူက သုံးသပ်ပြောဆိုလိုက်သည်။ 

ရန်ကုန်မြို့ နေရာအချို့တွင် “မုန်လိုင်ခက်” ဖြစ်စဥ်အတွက် စစ်တပ်အား ဆန့်ကျင်ရှုတ်ချရန် ပြည်သူများအား လှုံ့ဆော်သည့် လှုပ်ရှားမှုကို ယနေ့ (အောက်တိုဘာ ၁၆) နံနက်က ပြုလုပ်ခဲ့ကြ သည်။ 

စစ်ကောင်စီပိုင် မြန်မာဘီယာစက်ရုံတိုက်ခိုက်မှုတွင် စက်ရုံတာဝန်ခံအရာရှိ အပြင်းအထန် ဒဏ်ရာရပြီး နယ်သို့တင်ပို့ရန် ထုတ်ပိုးထားသော ပစ္စည်းဂိုထောင်၌ ပေါက်ကွဲခဲ့သောကြောင့် ပျက်စီးမှုအများအပြားရှိကြောင်း Urban Special Operation (U.S.O) မှ တာဝန်ရှိသူက ပြောသည်။ 

ကချင်ပြည်နယ်ရှိကျေးရွာများကို အာဏာသိမ်းစစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်း၊ ကျေးရွာအတွင်း ဝင်ရောက်မီးရှို့ခြင်းများ ဆက်တိုက်ပြုလုပ်ခဲ့၍ အရပ်သားပြည်သူများ သေဆုံးထိခိုက်ခဲ့ပြီး နေအိမ်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။ 

ပဲခူးတိုင်း၊ ရန်ကုန် – မန္တလေးရထားလမ်းပိုင်း ၊ ပိန်းဇလုပ်ဘူတာ နှင့် ညောင်လေးပင်ဘူတာအကြား ရထားလမ်းကို ယနေ့ အောက်တိုဘာ ၁၇ ရက်နေ့ နံနက်အစောပိုင်းတွင် မိုင်းဆွဲခံရပြီး အသွားနှင့် အပြန် လမ်း နှစ်ခုလုံး ပျက်စီးသွားကြောင်း သိရှိရသည်။ 

မြန်မာနိုင်ငံက နေရပ်စွန့်ခွာထွက်ပြေးသူများ အိမ်ပြန်နိုင်ရေးအတွက် ငြိမ်းချမ်းရေးရအောင် ကြိုးစားရန် ကုလလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဖိလစ်ပို ဂရန်ဒီက မေတ္တာ ရပ်ခံလိုက်သည်။ 

တိုင်းရင်းသား လက်နက်ကိုင်များ  

စစ်ကောင်စီဦးဆောင်ကျင်းပသည့် အပစ်ခတ်ရပ်စဲရေးစာချုပ် NCA ၈ နှစ်မြောက် အခမ်းအနားကို တက်ရောက်ခဲ့ကြသည့် တပ်ဖွဲ့ဝင်သုံးဦးကို တာဝန်ကနေ ရုတ်သိမ်းလိုက်ကြောင်း ABSDF ကထုတ်ပြန်သည်။ 

ရှမ်းပြည်နယ်၊ ကိုးကန့်ဒေသတွင် မူးယစ်ဆေးဝါးများ သယ်ဆောင်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးကို ဖမ်းဆီးရရှိကြောင်း MNDAA ကိုးကန့် သတင်းဌာန The Kokang က သတင်းဖော် ပြသည်။ 

စစ်ကောင်စီ 

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်နှင့် သပိတ်ကျင်းမြို့နယ်တို့ရှိ တနိုင်တပိုင် ရွှေတူးဖော်နေသူများထံ မှ စစ်ကောင်စီတပ်ဖွဲ့က အတင်းအဓမ္မ ငွေကြေးကောက်ခံလျက်ရှိကြောင်း ဒေသခံများကပြောသည်။ 

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဖက္ကလိပ်ကျေးရွာတွင် နေထိုင်သည့် KNU/ KNLA (PC)တပ်ဖွဲ့ဝင် ဟောင်း အောက်တိုဘာလ ၁၅ ရက် ညနေ ၃ နာရီအချိန်က ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း ဒေသခံများနှင့် သတင်းရင်းမြစ်များထံက သိရသည်။ 

ကချင်ပြည်နယ်၊ KIA တပ်မဟာ (၉)နယ်မြေဖြစ်သည့် ကံဆီးဒေသ(အနန့်ပါဒေသ)ကို စစ်ကောင်စီ တပ်က အောက်တိုဘာလ ၁၆ ရက် ညနေပိုင်းအချိန်တွင် ဂျက်ဖိုက်တာ နှစ်စီးဖြင့် လေကြောင်း ဗုံးကြဲတိုက်ခိုက်သည့်အတွက် ထိခိုက်သေဆုံးမှုရှိသည်ဟု ကချင်ဒေသတွင်း သတင်းရင်းမြစ်များက ဆိုသည်။ 

ပြည်ပကိုသွားရောက်အလုပ်လုပ်ကိုင်မည်သူများ ပတ်စ်ပို့စ်သက်တမ်းတိုးသည့်အခါ အခွန်ကင်းရှင်း ကြောင်း ထောက်ခံချက် တင်ပြနိုင်မှ သက်တမ်းတိုးပေးမည်ဖြစ်ကြောင်း စစ်ကောင်စီက ကြေညာ ထားသည်။ 

မှတ်ပုံတင်ခွင့်ပြုခဲ့သည့် နိုင်ငံရေးပါတီများအနက် အချို့ပါတီများသည် ယခုလမှာ ရက်ပေါင်း ၁၈၀ပြည့်မည်ဖြစ်တာကြောင့် သတ်မှတ်ကာလအတွင်း ပါတီရုံးခန်းများဖွင့်လှစ်ရန် ရွေး/ကော်က ပြောဆိုခဲ့ကြောင်း သိရသည်။ 

မြန်မာနိုင်ငံ၏ ကုန်သွယ်မှုလိုငွေ ပြဿနာအတွက် ဘဏ္ဍာနှစ် ဒုတိယ ၆ လပတ်အတွင်း လုပ်ငန်း ရှင်များ ပို့ကုန်အရှိန် နှစ်ဆတိုးမြှင့်ဖို့စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ပြည်ထောင်စု ဝန်ကြီး ဦးထွန်းအုံက တိုက်တွန်းလိုက်သည်။ 

တရုတ်နိုင်ငံတွင် ပြုလုပ်မည့် ရပ်ဝန်းနှင့်ပိုးလမ်းမအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေး ဖိုရမ် ကို အကြမ်းဖက်စစ်ကောင်စီဝင် ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်အဖွဲ့ တက်ရောက်မည်ဟု စစ်ကောင်စီ ဝါဒဖြန့်ချိရေးအဖွဲ့က ပြောသည်။ 

နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ရှေ့သို့ချီမည်ပန်းတိုင်ဆီ (Keep Moving Forward To Achieve Our Goal) ဆို သည့် ဆောင်ပုဒ်အတိုင်း ကြိုးပမ်းဆောင်ရွက် နေကြောင်း အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။ 

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်နဲ့သန်လျင်မြို့နယ် တို့ကိုဆက်သွယ်ထားသည့် ပဲခူး မြစ်ကူး တံတား( သန် လျင်တံတားသစ် အမှတ်-၃) တည်ဆောက်မှုလုပ်ငန်းများ ၈၀ရာခိုင်နှုန်း အထိပြီးစီးနေကြောင်း စစ်ကောင်စီဆောက်လုပ်ရေးဝန်ကြီးဌာနကနေသိရသည်။ 

အောက်တိုဘာ ၁၇ ရက် သုံးသပ်ချက် 

မင်းအောင်လှိုင် ဦးဆောင်သည့် အကြမ်းဖက်စစ်တပ်သည် တစ်နိုင်ငံလုံးတွင် အကြမ်းဖက်လုယက် ခိုးဆိုးမှုများ ကျုးလွန်နေသည့်အပြင် မူးယစ်ဆေးဝါးများ သုံးစွဲဖြန့်ဖြူးနေသည်ကို လက်ပူးလက်ကြပ် ငြင်းမရအောင် ဖမ်းမိထားသည်။ 

အကြမ်းဖက်မှုများနေ့စဉ်ကျူးလွန်နေသည့် စစ်တပ်မှ နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်နေသည်ဟု ပြောဆိုမှုသည် ဟန်ပြပြောဆိုခြင်း သာဖြစ်သည်။ 

By Mizzima