စစ်ကောင်စီတပ် မီးရှို့သွားသည့် ရေလယ်ကျွန်းဒေသမှ နေအိမ် ၃၄ လုံးအတွက် ဆန်အိတ်များထောက်ပံ့

စစ်ကောင်စီတပ် မီးရှို့သွားသည့် ရေလယ်ကျွန်းဒေသမှ နေအိမ် ၃၄ လုံးအတွက် ဆန်အိတ်များထောက်ပံ့

008(မဇ္ဈိမ)။ ။စစ်ကောင်စီတပ်ဖွဲ့က မီးရှို့သွားသည့် မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသအတွင်း ရှိကျေးရွာများမှ အိမ်ခြေ ၃၄ လုံးကို Myingyan Black Tiger တပ်ဖွဲ့က အောက်တိုဘာလ ၂၃ ရက်နေ့တွင် ဆန်အိတ်များ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

“ရေလယ်ကျွန်းမှာ စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့တဲ့အိမ်ခြေ ၃၄ လုံးကို ကျွန်တော်တို့ MBT က ပြည်သူ လူထုရဲ့ထောက်ပံ့ငွေနဲ့ ကူညီပံ့ပိုး မျှဝေခဲ့ပါတယ်။ အခုလိုကူညီနိုင်ဖို့ အဓိကူညီပေးတဲ့ Frontline Voice နဲ့ ပြည်သူတဦးချင်းစီကိုလည်း အထူးပင်ကျေးဇူးတင်ပါတယ်” ဟု Myingyan Black Tiger (MBT)တပ်ဖွဲ့ တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

ရေလယ်ကျွန်းဒေသကို စစ်ကောင်စီတပ်ဖွဲ့က အင်အားအလုံးအရင်းဖြင့် အောက်တိုဘာလ ၁၂ ရက် မှ ၂၀ ရက်နေ့အထိ အကြမ်းဖက်စီးနင်း ဝင်ရောက် မီးရှို့ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်၏မီးရှို့ဖျက်ဆီးမှုကြောင့် ကူနီကျေးရွာတွင် နေအိမ်ခုနစ်လုံး၊ ကျွန်းကလေးကျေးရွာ၌ နေ အိမ်နှစ်လုံး၊ လှေခုတ်ကျေးရွာမှ နေအိမ်လေးလုံး၊ ကျွန်းညိုကျေးရွာတွင် နေအိမ်သုံးလုံး၊ နွယ်နီကျေးရွာ၌ နေအိမ်နှစ်လုံး၊ နံဘေးကျေးရွာမှ နေအိမ်သုံးလုံးနှင့် မြောက်ကျေးရွာ၌ နေအိမ် ၁၃ လုံး မီးလောင်ပျက်စီး ခဲ့ရသည်။

အဆိုပါ မီးရှို့ဖျက်ဆီးခံရသည့် နေအိမ် ၃၄ လုံးအတွက် Myingyan Black Tigerက တအိမ်လျင် ဆန် တအိတ်နှုန်း ထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်။

စာတည်း။ ။စောဖေ