ဘုတလင်မြို့ပေါ်မှ စစ်ကောင်စီတပ်စွဲထားသည့် နေရာများကို ဒရုန်းဖြင့် တိုက်ခိုက်

ဘုတလင်မြို့ပေါ်မှ စစ်ကောင်စီတပ်စွဲထားသည့် နေရာများကို ဒရုန်းဖြင့် တိုက်ခိုက်

လွှမ်းမိုး (မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်ရှိ ထွေအုပ်ရုံး၊ မီးသတ်ရုံးနှင့် စစ်ဆေးရေးဂိတ်တို့တွင် အထိုင်ချ တပ်စွဲနေသည့် စစ်ကောင်စီတပ်သားများကို Shar Htoo Waw နည်းပညာသုံး မောင်းသူမဲ့ ဒရုန်းလေယာဉ် ဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း ပျံလွှားတပ်ဖွဲ့ထံမှ သိရသည်။

တိုက်ခိုက်မှုကို အောက်တိုဘာလ ၂၅ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သားနှစ်ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း ရဲဘော်ပျံလွှားက ဆိုသည်။

“ အရင်ဆုံး စစ်ကောင်စီတပ်တွေရဲ့လှုပ်ရှားမှုကို ထောက်လှမ်းပြီးမှ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ရန်သူ့ တည်နေရာကို ၆၀ မမ ဗုံးသီးသုံးလုံး ကြဲချတိုက်ခိုက်နိုင်ခဲ့ပြီး ထောက်လှမ်းရေးရဲ့ သတင်းပေးပို့မှုအရ စစ်ကောင်စီတပ်သားနှစ်ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Chindwin Brothers ၊ တပင်ရွှေထီး၊ မုံရွာခရိုင် တပ်ရင်း-၁၄ နှင့် ပျံလွှားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး၊ စစ်ကောင်စီတပ်က ဒရုန်းကို လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော် လည်း ပျက်စီးဆုံးရှုံးမှုမရှိခဲ့ကြောင်း သိရသည်။

ဘုတလင်မြို့ပေါ်တွင် စစ်ကောင်စီတပ်သား ၁၂၀ ခန့် အထိုင်ချတပ်စွဲနေပြီး ၎င်းတို့အထိုင်ချသည့်နေရာ များကို ဒရုန်းဖြင့်တိုက်ခိုက်မှုမှာ ယခုလအတွင်း ၁၀ ကြိမ်ရှိပြီဖြစ်ကာ နှစ်ဦးသေဆုံးကာ ငါးဦးခန့် အပြင်း အထန်ဒဏ်ရာရသွားကြောင်း ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။

စာတည်း။ ။စောဖေ