PDF များ ကိုယ့်‌ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ပြီဟု  KIA ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်ပြောကြား

PDF များ ကိုယ့်‌ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ပြီဟု KIA ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်ပြောကြား

PDF များ ကိုယ့်‌ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ပြီဟု KIA ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က ဘီဘီစီနှင့် အင်တာဗျုးတွင် ‌ပြောသည်။
” PDF က သူတို့ခြေထောက်ပေါ် သူတို့ရပ်တည်နေနိုင်တဲ့ အနေအထားမျိုး ရှိနေပါပြီ” ဟု KIA ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က ‌ပြောသည်။
KIA အနေဖြင့် အစောပိုင်းကာလတွင် သင်တန်းပေးခြင်း၊ တိုက်ပွဲ များတွင် ဦးဆောင်ပါဝင်ပေးခြင်းများ ပြုလုပ်ပေးခဲ့သည်ဟု ၎င်းက ဆက်‌ပြောသည်။
” သူတို့ တိုက်ပွဲ အတွေ့အကြုံ မရှိခင်မှာ ကျွန်တော်တို့တပ်ဖွဲ့တွေ သွားပြီးမှ တိုက်ပွဲတွေမှာ ပါဝင်ပြီးမှ ဦးဆောင်ခဲ့တာ ဖြစ်ပါတယ်။ အခုတော့ သူတို့က အတွေ့အကြုံရှိနေပါပြီ ။ အသေးစား လက်နက် ပြုပြင်ရေးကအစ လုပ်နိုင်နေပါပြီ ။ ကျွန်တော်တို့ ဒေသမှာ PDF အမြောက်အမြားလာပြီး နေတာ မရှိပါဘူး။ နည်းနည်းပါးပါးပဲ သင်တန်းတက်တာ ရှိပါတယ်။ PDF ကို ကျွန်တော်တို့က ကူညီတယ်ဆိုတာက အခုနောက်ပိုင်းမှာတော့ စိတ်ဓာတ်ရေးရာ အရပဲ အဓိက ကူညီနေတာ ဖြစ်ပါတယ်။ သူတို့ခြေထောက်ပေါ်မှာ တော်တော်လေး ခိုင်ခိုင်မာမာ ရပ်တည်နေနိုင်နေပြီ ဖြစ်ပါတယ်” ဟု ဒုတိယ‌ဗိုလ်ချုပ်ကြီး ဂွန်မော်က ‌ပြောသည်။
လက်ရှိတွင် NUG  လက်‌အောက်ရှိ PDF တပ်ရင်းအချို့မှာ ‌မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့က ဦးဆောင်နေသည့် Operation 1027 တွင် ပါဝင်တိုက်ခိုက်လျက်ရှိသည်။
ထို့ပြင် မုန်လိုင်ခက်ဖြစ်စဉ်နှင့် ပတ်သက်ပြီး တရုတ်ဘက်က မေးမြန်းမှုများ ရှိခဲ့ပြီး ထိန်းထိန်းသိမ်းသိမ်း လုပ်ကြရန် ‌ပြောကြား သည်ဟု ၎င်းက ဆိုသည်။
” အခင်းဖြစ်ပြီးတာနဲ့ တရုတ်အစိုးရက ကျွန်တော်တို့ကို ချက်ချင်း အခြေအနေ မေးပါတယ်။ ကျွန်တော်တို့ကလဲ ရထားတဲ့ အထောက် အထားတွေ သူတို့ကို ပေးပါတယ်။ ပြီးတော့ တရုတ်နိုင်ငံဟာ အင်အားကြီး တစ်နိုင်ငံ ဖြစ်ပါတယ်။ နယ်စပ်တစ်လျှောက်မှာ သူ့ရဲ့ ရေဒါ စခန်းတွေ ရှိပါတယ်။ အဲဒီတော့ နယ်စပ်တစ်လျှောက်မှာ ဖြစ်ပျက်တာတွေကို ကျွန်တော်တို့ကို မမေးဘဲနဲ့ အကုန်သိနိုင်တဲ့ အနေအထား ဖြစ်ပါတယ်။ ကျွန်တော်တို့ဘက်က အဖြစ်မှန်တွေ ဘယ်လို ရှိသလဲဆိုတာ တင်ပြတယ်။ သူတို့ အနေနဲ့ကတော့ နယ်စပ်မှာ တည်ငြိမ်မှု ရှိစေချင်တယ်။ အဲတော့ သူတို့ စစ်ကောင်စီ ကိုလဲ ပြောမယ် ကျွန်တော်တို့ကိုလဲ ထိန်းထိန်းသိမ်းသိမ်း လုပ်ပါလို့ပဲ ပြောတယ်။ အထူးအထွေတော့ ကျွန်တော်တို့ကို ပြောတာ မရှိပါဘူး။ သူတို့ နယ်စပ်မှာရှိတဲ့ သက်ဆိုင်ရာ ဌာနတွေနဲ့ အထူးသံတမန် မစ္စတာ တိန်ရှီကျွင်း ကိုယ်တိုင်တိုက်ရိုက်မေးပါ တယ်။ ကျွန်တော်ကလဲ သူ့ကို သေသေချာချာ ရှင်းပြပါတယ်” ဟု ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က ‌ပြောသည်။