ဖမ်းဆီးရမိသည့် ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးကို ကောင်းမွန်စွာထားပြီး ဆေးကုသပေးဟုဆို

ဖမ်းဆီးရမိသည့် ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးကို ကောင်းမွန်စွာထားပြီး ဆေးကုသပေးဟုဆို

008 (မဇ္ဈိမ)။ ။ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင် နိုဝင်ဘာလ ၁ ရက်နေ့ကဖြစ်ပွားခဲ့သည့် တိုက်ပွဲ များ၌ ဒဏ်ရာများဖြင့်ဖမ်းဆီးရမိခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးကို ကောင်းမွန်စွာ ဆေးကုသပေးနေ သည်ဟု MDY PDF က ယနေ့ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။

ထုတ်ပြန်ချက်တွင် “နိုဝင်ဘာ ၁ ရက်နေ့တိုက်ပွဲ၌ ဒဏ်ရာနှင့်ဖမ်းဆီးရမိခဲ့သည့် စကစတပ်ဖွဲ့ဝင် ဆရာကြီး ကိုလှရွှေနှင့် ရှမ်းမြောက်မလာနှင့် ဟုတ်တို့အား ဆေးကုသပေးလျက်ရှိသည်” ဟု ဖော်ပြထားသည်။

“မနေ့ကတိုက်ပွဲအပြီးမှာ ဒဏ်ရာနဲ့အရှင်ဖမ်းဆီးရမိတဲ့ စကစတပ်သားတွေရှိပါတယ်။ ကောင်းကောင်း မွန်မွန် ဆေးကုပေးနေပါတယ်” ဟု MDY PDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

နောင်ချိုမြို့နယ်တွင် တိုက်ပွဲများပြင်းထန်လျက်ရှိပြီး ယနေ့ နံနက် ၆ နာရီ ၃၀ မိနစ်ခန့်ကလည်း TNLA ၊ MDY – PDF ပူးပေါင်းတပ်ဖွဲ့နှင့်စစ်ကောင်စီတပ်ဖွဲ့တို့ ရွှေညောင်ပင်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ ကြောင်း သိရသည်။

နိုဝင်ဘာလ ၁ ရက်နေ့ ညနေပိုင်းက ပြင်ဦးလွင်မှ နောင်ချိုသို့တက်လာသည့် စစ်ကောင်စီယာဉ်တန်းကို အုမ္မသီးနှင့် အုမ္မခါးလမ်းခွဲတွင် TNLA နှင့် MDY PDF ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ သံချပ် ကားတစီးထိခိုက်ပျက်စီးကာ စစ်ကောင်စီတပ်ဖွဲ့ နောက်ပြန်ဆုတ်သွားပြီး MA 1 တလက်၊ MA 2 သုံး လက်၊ MA 3 နှစ်လက် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ပုံစာ – ဒဏ်ရာဖြင့် ဖမ်းဆီးရမိခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးကို ဆေးကုသမှုပေးနေစဥ်။ ဓာတ်ပုံ၊ MDY PDF

စာတည်း။ ။စောဖေ