လေထုမတည်မငြိမ်ဖြစ်စဥ်ကြောင့် တိုင်းနှင့်ပြည်နယ် ၇ ခု နေရာကွက်မိုးရွာနိုင်

လေထုမတည်မငြိမ်ဖြစ်စဥ်ကြောင့် တိုင်းနှင့်ပြည်နယ် ၇ ခု နေရာကွက်မိုးရွာနိုင်

ရန်ကုန်မြို့တွင် ပြီးခဲ့သည့် စက်တင်ဘာလနှောင်းပိုင်းက နေရာကွက်မိုးရွာခဲ့စဥ်။ (ပုံ- မဇ္စျိမ)

ရောင်နီ မဇ္စျိမ။ ။လာမည့်ရက်သတ္တပတ်အတွင်းတွင် လေထုမတည်မငြိမ်ဖြစ်စဉ်ကြောင့် တိုင်းနှင့်ပြည်နယ် ခုနှစ်ခု၌ နေရာကွက်ကျား မိုးရွာနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က သတင်းထုတ်ပြန်သည်။

နို၀င်ဘာလ ၆ ရက်နေ့မှ ၁၂ ရက်နေ့အထိ မိုးလေဝသခန့်မှန်းချက်ကို ထုတ်ပြန်ထားခြင်းဖြစ်သည်။

ထိုကာလအတွင်း မြောက်ဘက်မှ လေအေးများနှင့် တောင်ဘက်မှ လေနွေးများ ပေါင်းဆုံကာ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီိတိုင်း၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင် နေရာကွက်၍ မိုးရွာနိုင်ကြောင်း MOHADM အသိပေးထားသည်။

ထို့အပြင် မြန်မာနိုင်ငံအထက်ပိုင်းနှင့် အလယ်ပိုင်းတို့တွင် အနည်းငယ် အေးလာနိုင်ပြီး နံနက်ပိုင်းတွင် မြူများ ကျဆင်းလာနိုင်ကြောင်း ထုတ်ပြန်ထားသည်။

စာတည်း – အေးချမ်း