ရေစကြိုမြို့ ရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့ တိုက်ခိုက်

ရေစကြိုမြို့ ရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့ တိုက်ခိုက်

008 မဇ္ဈိမ။ ။ မကွေးတိုင်း၊ ရေစကြိုမြို့ရှိ မြို့မရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ယနေ့ နိုဝင်ဘာလ ၁၀ ရက် နံနက် ၄နာရီခန့်တွင် တိုက်ခိုက်ကြောင်း သိရသည်။

“ရဲစခန်းကို ဝင်တိုက်တာ ဟုတ်ပါတယ်။ အသေးစိတ် ထုတ်ပြန်ပေးပါမယ်”ဟု ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိတဦးက မဇ္ဈိမကိုပြောသည်။

မိနစ် ၃၀ ကျော်ကြာ အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး နှစ်ဘက်ထိခိုက်မှု အခြေအနေကို မသိရှိရသေး‌ကြောင်း ဆိုသည်။

“စစ်တပ်က ရဲစခန်းနဲ့နီးတဲ့ အမှတ် (၇)ရပ်ကွက်နဲ့ အမှတ် (၈)ရပ်ကွက်ထဲ ဝင်ပြီး ပစ်နေတယ်။ မြို့ထဲဘက်လည်း မနက် ၈နာရီလောက်အထိ ပစ်နေတယ်”ဟု မြို့ခံတဦးက ပြောသည်။

နံနက် ၉နာရီခန့်တွင် ပစ်ခတ်မှုများ ငြိမ်သွားပြီး စစ်ကောင်စီတပ်ဖွဲ့က မြို့တွင်းဖြတ်သန်းသွားလာသူများကို ဖမ်းဆီးစစ်ဆေးခြင်းများ ပြုလုပ်ကာ မြို့အဝင်အထွက်ကိုလည်း တားဆီး စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)