ခင်ဦးမြို့တွင် စစ်ဆင်ရေး ၁၀၂၇ ကို ထောက်ခံကြောင်း ချီတက်ဆန္ဒထုတ်ဖော်

ခင်ဦးမြို့တွင် စစ်ဆင်ရေး ၁၀၂၇ ကို ထောက်ခံကြောင်း ချီတက်ဆန္ဒထုတ်ဖော်

ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး

008 မဇ္ဈိမ။ ။ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်းက ကျေးရွာတရွာတွင် စစ်ဆင်ရေး ၁၀၂၇ ကို ထောက်ခံကြောင်း ချီတက်ဆန္ဒထုတ်ဖော်ပွဲကို နိုဝင်ဘာ ၁၆ရက် နံနက်ပိုင်းတွင် ပြုလုပ်ခဲ့သည်။

အဆိုပါချီတက် ဆန္ဒထုတ်ဖော်ပွဲကို ခင်ဦးမြို့နယ်သပိတ်ကော်မတီမှဦးဆောင်၍ ကျေးရွာအုပ်ချုပ်ရေး၊ ကာကွယ်ရေးအဖွဲ့များ၊ ပညာရေး မိသားစုများအပါအဝင် ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူဦးရေ ၂၀၀ ကျော် ပါဝင်ခဲ့သည်။

ချီတက်ဆန္ဒထုတ်ဖော်ကြသူများသည် “ဖက်ဆစ်စစ်တပ်ကို စွန့်ခွာကြ၊ပြည်သူ့ရင်ခွင် ခိုလှုံကြ” စာတန်းများကိုင်ဆောင်ပြီး “၁၀၂၇စစ်ဆင်ရေး ပြည်သူအားလုံးပါဝင်ပေး၊ ၁၀၂၇ ရဲဘော်တွေ တိုက်ပွဲတိုင်းမှာ နိုင်ပါစေ၊၁၀၂၇ ရဲဘော်တွေ ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ ဖက်ဒရယ်ဒီမိုကရေစီရရှိရေး ဒို့အရေး၊ အရေးတော်ပုံ အောင်ရမည် ” စသည်တို့ကို ကြွေးကြော်ခဲ့ကြသည်။

စာတည်း – သန့်ဇော်(သန်လျင်)