“ခင်ဦးမြို့နယ်တွင် ၁၀၂၇ စစ်ဆင်ရေး ကြိုဆိုထောက်ခံပွဲနှင့်စစ်အာဏာရှင် အလိုမရှိကြောင်း ချီတက်ဆန္ဒပြပွဲ ပြုလုပ်”

008(မဇ္ဈိမ)

စစ်ကိုင်းတိုင်း၊ခင်ဦးမြို့နယ်တွင် ၁၀၂၇ စစ်ဆင်ရေး နှင့် ၁၁၂၇ စစ်ဆင်ရေးတို့အား ကြိုဆိုထောက်ခံပွဲနှင့် စစ်အာဏာရှင် အလိုမရှိကြောင်း ချီတက်ဆန္ဒပြပွဲ ပြုလုပ်ခဲ့သည်။

စစ်ဆင်ရေးဆင်နွှဲနေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အားတက်စေရန် အဓိကရည်ရွယ် ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

ဓါတ်ပုံ-ခင်ဦးမြို့နယ်၊သတင်းမှန်ပြန်ကြားရေး

“ပထမဆုံး စစ်ဆင်ရေး ဆင်နွှဲနေကြတဲ့ ပြည်သူ့သားကောင်းတွေ အန္တရာယ် ဘေးရှင်းပြီး တိုက်ပွဲတိုင်း အောင်ပါစေလို့ ဆုတောင်းပေးချင်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးရော ၁၁၂၇ စစ်ဆင်ရေးရောကို အောင်သပြေနဲ့ ကြိုဆို ထောက်ခံပါတယ်”ဟု ဆန္ဒပြပွဲတွင် ပါဝင်သူ အမျိုးသမီး တဦးကပြောသည်။

အမျိုးသမီး နောက်တဦးကလည်း”လက်နက်ကိုင်ပြီး တိုက်ပွဲဝင်နေသူက အသက်ပေးဝင်နေတယ်။ကျွန်မတို့ကလည်း ဒီမှာ စစ်ခွေးတွေကို ဆန့်ကျင်ဆန္ဒပြပါတယ်။စစ်အာဏာရှင် ချုပ်ငြိမ်းပါစေ။အမြန်ဆုံး ကျဆုံးပါစေလို့ ပြောချင်ပါတယ်”ဟုပြောသည်။

အဆိုပါ ဆန္ဒပြပွဲကို အမျိုးသမီးများက ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး “ဖက်ဆစ်စစ်တပ်ကို စွန့်ခွာကြ၊ပြည်သူ့ ရင်ခွင် ခိုလုံကြ၊၁၀၂၇ စစ်ဆင်ရေး ပြည်သူအားလုံး ပါဝင်ပေး၊စစ်အာဏာရှင် အလိုမရှိ “စသည့်​တို့ကို ​ကြွေးကြော်ခဲ့ကြကြောင်းသိရသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး