နွေဦးတော်လှန်ရေးနေ့စဉ်မှတ်စု ( ၂၅ဒီဇင်ဘာ၂၀၂၃) 

အမျိုးသားညီညွတ်ရေးအစိုးရ 

  • ခရစ်ယာန်ဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ဖြစ်သည့် ခရစ္စမတ်နေ့ အခါသမယ၌ ခရစ်ယာန် ဘာသာ ဝင် တိုင်းရင်းသားပြည်သူများနှင့် တကွ မြန်မာနိုင်ငံသူ၊ နိုင်ငံသား အားလုံး ဘေးကင်း လုံခြုံလျက် ကောင်းကျိုးသုခများဖြင့် ပြည့်စုံကာ တိုင်းပြည်အကျိုး ဆထက်တိုး ထမ်းရွက်နိုင် ကြပါစေကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ဆုတောင်းအပ်သည်ဟု ခရစ္စမတ်နေ့သဝဏ် လွှာတွင် ဖော်ပြထားသည်။ 
  • စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ နောင်ကြီးအိုင် ရဲစခန်းက အကြမ်းဖက်စစ်တပ်သားများ စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေး ဝန်ကြီး ဌာနက ထုတ်ပြန်သည်။ 
  • စစ်ကိုင်းတိုင်းအရာတော်မြို့နယ်၊ နောင်ကြီးအိုင်ရဲစခန်းအား ဒေသတွင်းတပ်ရင်းတပ်ဖွဲ့များက ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ခဲ့ရာ စစ်သားနှင့်ရဲ ၁၈ ဦးခန့်သေဆုံးပြီး ကျန် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ကာကွယ်ရေး ဝန်ကြီးဌာနက ယနေ့ သတင်းထုတ်ပြန်သည်။ 
  • စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင် ၊ ပင်လည်ဘူးမြို့နယ်မှာ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒေသဖွံ့ ဖြိုးရေးအတွက် မြေပြင်ကိုကွင်းဆင်းပြီးတော့ လမ်းတံတားများကို စစ်ဆေးမှုအား ဒီဇင်ဘာ ၂၂ ရက်တွင် ပြုလုပ်ခဲ့ကြောင်း ပင်လည်ဘူးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။ 
  • အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟို ကော်မတီနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း တို့တွင်ရှိသည့် မြို့နယ် ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲအစည်းအဝေး ကို ဒီဇင်ဘာ ၂၄ ရက် က ပြုလုပ်ခဲ့ ကြသည်။ 
  • တနင်္သာရီတိုင်း၊ ရေဖြူအခြေစိုက် ခမရ ၄၀၆ မှ တပ်ပြောင်းရွှေ့ရန် ပစ္စည်းများ တင်ဆောင်လာ သည့် ကားတစီးကို မော်‌လမြိုင်_ရေး-ထားဝယ် အမှတ်(၈) ပြည််ထောင်စုလမ်းမကြီးတွင် လုံခြုံရေး ယူ နေသည့် KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့က သိမ်းဆည်းရရှိခဲ့ကြောင်း အမှတ်( ၃) စစ်ဒေသခွဲ၊ ဒုစစ်ဒေသခွဲမှူးရုံး တောင်ပိုင်းတိုင်း JOC က ယနေ့ သတင်းထုတ်ပြန်သည်။ 
  •  

တော်လှန်ရေး လှုပ်ရှားမှုများ 

  • မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် ဒီဇင်ဘာလ ၂၄ ရက်နေ့ မွန်းလွဲပိုင်းက စစ်ကောင်စီတပ်မှ ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသဖြင့် အမျိုးသမီးတဦး သေဆုံးသွား ကြောင်း မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။ 
  • စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်းမှကျေးရွာတရွာတွင် အကြမ်းဖက်စစ်အုပ်စု၏ လုပ်ရပ်မှန် သမျှ အလိုမရှိကြောင်း မုံရွာမြို့နယ်ဒေသခံများက ဒီဇင်ဘာလ ၂၄ ရက်နေ့ ညနေပိုင်းက ဆန္ဒပြခဲ့ကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီထံမှ သိရသည်။ 
  • စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ရှိ သာစည်အကျဥ်းထောင်မှထွက်လာသော စစ်ကောင်စီတပ်သားများ ပစ်ခတ်တိုက်ခိုက်ပြီး ထိခိုက်သူများအား ဆေးရုံပို့ဆောင်စဥ် ထပ်မံပစ်ခတ်တိုက်ခိုက်ရာ ခုနစ်ဦး သေဆုံးပြီး လက်နက် ၄လက်ရရှိခဲ့ကြောင်း ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF)အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 
  • စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်တွင် ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်စစ်ကြောင်းမှ ဦးဆောင်၍ ခရစ္စမတ်နေ့ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုကို ယနေ့ (ဒီဇင်ဘာ ၂၅) နံနက်က ပြုလုပ်ခဲ့ကြသည်။ 
  • ဆားလင်းကြီးမြို့နယ်တွင် အားမာန်သစ်သပိတ်‌စစ်ကြောင်းသည် တရုတ်အစိုးရအနေနှင့် ဖက်ဆစ်တပ် ပေါင်းပြီး မြန်မာပြည်သူများကို သတ်နေခြင်းများ ရပ်ရန် ဝမ်ပေါင်-ယန်စီကုမ္ပဏီ လုပ်ကိုင်နေသည့် ကြေးနီစီမံကိန်းအနီးတွင် တောင်းဆိုဆန္ဒပြခဲ့ကြသည်။ 
  • လူငယ့်အားမာန်သပိတ်ကော်မတီနှင့်ယင်းမာပင်_ဆားလင်းကြီးရွာပေါင်းစုံသပိတ်ကော်မတီတို့ပူးပေါင်းကာ CDM ကျောင်းသားကျောင်းသူများနှင့် “China: Stop Killing Myanmar People by Supporting Fascist Criminals ၊ တရုတ်-မြန်မာ အနာဂတ်အတွက် အဖိနှိပ်ခံပြည်သူများနှင့် အတူရပ်´´ စာသားပါ ဘန်နာကိုကိုင်စွဲပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်တိုက်ပွဲ ချီတက်ဆန္ဒပြခဲ့ကြသည်။ 

တိုင်းရင်းသား လက်နက်ကိုင်များ  

  • အာဏာသိမ်းစစ်ကောင်စီ၏ တပ်စခန်း၊ ရဲစခန်းများ အပါအဝင် မြို့သိမ်းတိုက်ပွဲများဆင်နွှဲပြီး အောင်မြင်မှုရနေသည့် တအာင်းတပ်မတော် (PSLF/TNLA)က အခြေခံ ရဲသင်တန်းဆင်းပွဲနှင့် ထွေအုပ်ရုံး စီမံမှုသင်တန်းဆင်းပွဲပြုလုပ်ခဲ့ကြောင်း TNLAက သတင်းထုတ်ပြန်သည်။ 
  • မော်လမြိုင်-ရေး-ထားဝယ် အမှတ် (၈) ပြည်ထောင်စုလမ်းမပေါ်တွင် စစ်ကောင်စီ ခြေမြန်တပ်ရင်း( ၄၀၆)၏ စစ်သုံးပစ္စည်းများတင်ဆောင်လာသော ကားတစ်စီးကို KNLA၊PDF ပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။ 

စစ်ကောင်စီ  

  • ရခိုင်ပြည်နယ် ရှေးဟောင်းယဉ်ကျေးမှု နယ်မြေဖြစ်သည့် မြောက်ဦးမြို့ဟောင်းသို့ စစ်ကောင်စီတပ် က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ယဉ်ကျေးမှု ပြတိုက်နှင့် ရှေးဟောင်း ကျောက်စာတိုင်များ ထိမှန် ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။ 
  • ငြိမ်းချမ်းရေးတံခါးများ အမြဲဖွင့်လှစ်ထားသကဲ့သို့ ငြိမ်းချမ်းရေးအတွက် အမြဲအသင့်ရှိနေပြီး ထာဝ စဉ် ဖိတ်ခေါ်ကြိုဆိုလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ သမိုင်း ကြောင်းအရ နိုင်ငံတော်ကို တာဝန် ယူအုပ်ချုပ်သည့် အစိုးရတိုင်းသည် ငြိမ်းချမ်းရေး အတွက် အလေးအနက်ထား အစဉ် ကြိုးပမ်း ဆောင်ရွက်ခဲ့ကြကြောင်း နေပြည်တော် ပျဉ်းမနားရှိ စိန့်မိုင်ကယ်ကက်သလစ်ဘုရား ကျောင်း၌ ပြုလုပ်သည့် ခရစ်တော်မွေးနေ့ (ခရစ္စမတ်) ကျေးဇူးတော်ချီးမွမ်းခြင်းအခမ်းအနားတွင် စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။ 
  • စစ်ကောင်စီ ဒုတိယဥက္ကဋ္ဌ  ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၏ ဇနီး ဒေါ်သန်းသန်းနွယ်သည် ပြည်ထောင်စုဝန်ကြီးများ၏ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၏ ဇနီးများ၊ တာဝန်ရှိသူများလိုက်ပါ၍  ရန်ကုန်တိုင်းဒေသကြီး သန်လျင်တပ်နယ်ရှိ နယ်မြေခံ တပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူနေသူများကို သွားရောက်ကြည့်ရှု အားပေး ကြောင်း စစ်ကောင်စီသတငးများတွင် ဖော်ပြထားသည်။ 
  • (၇၆) နှစ်မြောက် တပ်မတော်(ရေ)နေ့အထိမ်းအမှတ် စစ်ရေယာဉ်များတပ်တော်ဝင်ခြင်း အခမ်း အနားသို့ စစ်ကောင်စီ ဒုတိယဥက္ကဋ္ဌ  ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်ချီးမြှင့်ခဲ့ ကြောင်း စစ်ကောင်စီ သတင်းများတွင် ဖော်ပြထားသည်။ 

ဒီဇင်ဘာ၂၅ သုံးသပ်ချက် 

  • စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်သည့် စစ်အုပ်စုသည် လက်တွေ့တွင် ဘာသာရေးအစွန်းရောက်အစုအဖွဲ့ဖြစ်ပြီး ဘာသာရေးနှိပ်ကွပ်မှု များကို လုပ်ဆောင်နေသည့်အတွက် ဘာသာရေးအခမ်းအနားများတက်ရောက်နေခြင်းသည်လည်း ဟန်ပြသက်သက်ဖြစ်မည်ဟု ဆိုရမည်ဖြစ်သည်။ 
  • စစ်ကောင်စီမြို့များကို တစ်မြို့ပြီးတစ်မြို့ သိမ်းနေသည့် TNLA သည် ရဲတပ်ဖွဲ့သင်တန်းများ ဖွင့်လှစ် နေသည်ကို ကြည့်ခြင်းဖြင့် ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းများ အကောင်အထည်ဖော် တော့မည်ဟု ဆိုရမည်ဖြစ်သည်။