လိင်ပိုင်းဆိုင်ရာထိပါးနှောက်ယှက်မှုတွေ မြင့်တက်နေတဲ့ကာလ| Women & Children’s Hours Ep 13

စစ်မက်ပဋိပက္ခကာလအတွင်းမှာ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာထိပါးနှောက်ယှက်တာ၊ အမြတ်ထုတ်တာ၊ မဖွယ်မရာပြုမူမှုတွေ မြင့်တက်နေပါတယ်။ စစ်ကောင်စီတပ်ကကျူးလွန်မှုအမြင့်ဆုံးဖြစ်ပြီး တော်လှန်ရေးတပ်ကကျူးလွန်တာနဲ့ ပြည်သူအချင်းချင်းကျူးလွန်မှုတွေလည်းပါဝင်ပါတယ်။ ပြည်သူအချင်းချင်းကျူးလွန်မှုမှာ စစ်ကိုင်းတိုင်းဒေသကြီးက အများဆုံးဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီးနှင့် ဂျန်ဒါ ဌာနမှူး ဒေါ်သန္တာက Women and Childrens’ Hour အစီအစဉ်မှာ ဆွေးနွေးထားပါတယ်။ ဒီအစီအစဉ်မှာ ၀န်ကြီးဌာနက ဒီအမှုတွေနဲ့ပတ်သက်ပြီး ဘယ်လိုကိုင်တွယ်ဆောင်ရွက်နေတယ်ဆိုတာနဲ့ ကျူးလွန်သူတွေကို အရေးယူဆောင်ရွက်ရေးစိန်ခေါ်မှုတွေကိုလည်း ဆွေးနွေးထားပါတယ်။ မဇ္ဈိမရဲ့ Women and Children’s Hours အစီအစဉ်ကို​ မဇ္ဈိမရုပ်မြင်သံကြားမှာ အပတ်စဉ် အင်္ဂါနေ့ ည ၇ နာရီ ၃၀ မိနစ်မှာ ပြသနေပါတယ်။