စီမံခန့်ခွဲမှု အလွဲတွေကြောင့် အကြပ်ရိုက်ခဲ့ရတဲ့ စားအုန်းဆီ ပြဿနာ (ရုပ်/သံ) | 2023 Year in Review

မဇ္ဈိမ

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၃ ခုနှစ်အတွင်းမှာ လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားတဲ့ ဖြစ်ရပ်တွေထဲ စားအုန်းဆီစျေးကွက်ဟာဆိုရင် မီးဖိုချောင်ထဲက အိမ်ရှင်မတွေအထိ ရိုက်ခတ်လာတဲ့ဖြစ်ရပ်တခုအနေနဲ့ပါဝင်လာပါတယ်။

စစ်ကောင်စီရဲ့ စီမံခန့်ခွဲမှုအလွဲတွေက အခြေခံလူတန်းစားတွေရဲ့ မီးဖိုချောင်ထဲက စားသုံးဆီ ဝယ်ယူဖို့ ခက်ခဲလာတဲ့ ရိုက်ခတ်မှုမျိုးရှိလာတာပဲဖြစ်ပါတယ်။ စားအုန်းဆီပြဿနာကို ဘယ်လိုရင်ဆိုင်ပြီး ဖြေရှင်းခဲ့ကြရပါသလဲ၊ အပြည့်အစုံကို ရုပ်သံမှာ ကြည့်ရှုနားဆင်နိုင်ပါပြီ။