ခင်ဦးမှာ စစ်ကောင်စီတပ် စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၄ ဦး သေဆုံး

ခင်ဦးမှာ စစ်ကောင်စီတပ် စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၄ ဦး သေဆုံး

MTO

စစ်ကိုင်းတိုင် ခင်ဦးမြို့နယ် အနောက်ခြမ်း ကျေးရွာတွေကို စစ်ကြောင်းထိုးလားတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဒေသကာကွယ်ရေးတပ် ပူးပေါင်းတပ်ဖွဲ့တွေက ဇန်နဝါရီလ ၁၀ ရက်နေ့မှာ တိုက်ခိုက်ခဲ့ကြပါတယ်။

အင်အား ၈၀ ကျော်ပါတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းကို တဲစုရွာနှင့် ပျဉ်ထောင် ပျူရွာအကြားမှာ တိုက်ခိုက်ပြီးနောက် ဒရုန်းနဲ့လည်း ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ Khin U Special Force Organization – KSO က ပြောပါတယ်။

၁ နာရီကျော်ကြာ တိုက်ပွဲမှာ စစ်ကောင်စီ တပ်ဖွဲ့ ဝင် လေးဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူတွေလည်းရှိတယ်လို့ KSO တာဝန်ရှိသူက မဇ္ဈိမကို ပြောပါတယ်။