မတ္တရာမြို့နယ် သဖန်းဒေါင့်ကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့လို့ အိမ် ၅ လုံးမီးလောင်

MTO

(မဇ္ဈိမ)။ ။မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ သဖန်းဒေါင့်ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက်မီးရှို့လို့ နေအိမ်ငါးလုံးနဲ့ ကြက်ခြံတခြံ မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇန်နဝါရီလ ၁၆ ရက်နေ့က သုံးဆယ်ပေးကျေးရွာကနေထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ နေ့လည် ၃ နာရီဝန်းကျင်မှာ သဖန်းဒေါင့်ကျေးရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးသွားတယ်ဖြစ်တယ်လို့ မတ္တရာမြို့နယ် ပကဖရဲ့ ပြန်ကြားရေးတာဝန်ခံကမဇ္ဇျိမကို ပြောပါတယ်။

တင်ဆက် ၊ တည်းဖြတ် – MTO