ပြည်သူတွေရဲ့လုံခြုံရေးအတွက် သတင်းအချက်အလက်ရရှိမှုက အရေးကြီးတယ်လို့ဆို (ရုပ်သံ)

MTO

(မဇ္ဈိမ)။ ။တော်လှန်ရေးကာလဟာ သုံးနှစ်နီးပါးကြာလာတာနဲ့အမျှ အညာဒေသမှာ ခရိုင်အဆင့် မြို့တမြို့ အပါအဝင် မြို့တချို့ကို ကာကွယ်ရေးတပ်ဖွဲ့တွေကို သိမ်းပိုက်ထားနိုင်နေပြီဖြစ်ပါတယ်။

သိမ်းပိုက်ထားတဲ့မြို့တွေမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ပြည်သူ့အုပ်ချုပ်ရေးယန္တရားတွေ ဖော်ဆောင်နေပြီဖြစ်ပေမယ့် တစ်ဖက်မှာလည်း စစ်ကောင်စီတပ်က လက်နက်ကြီးတွေ၊ လေယာဉ်တွေနဲ့ ပစ်ခတ်လို့ အရပ်သားသေဆုံးမှုတွေ ရှိနေပါတယ်။

ဒါကြောင့် ပြည်သူတွေရဲ့လုံခြုံရေးအတွက် သတင်းအချက်အလက်မြန်မြန်ပေးဖို့လိုအပ်တယ်လို့ ABSDF Column(3) က ရဲဘော်ပြည့်ဖြိုးကျော်က ဆိုပါတယ်။

တည်းဖြတ် ၊ တင်ဆက် — MTO