ဘူတန်တွင် အိန္ဒိယနှင့် နီးစပ်သည့် ပါတီအနိုင်ရလာခြင်းက တရုတ်အတွက် အခက်ကြုံနိုင်

The Singapore Post

ဘူတန်ရွေးကောက်ပွဲ ရလဒ်ကို တရုတ်အစိုးရက သဘောကျလိမ့်မည် မဟုတ်ပေ။

ပြည်သူ့ဒီမိုကရက်တစ်ပါတီ (PDP)သည် ဒုတိယအကြိမ် အာဏာပြန်လည်ရရှိခဲ့ပြီး၊ အိန္ဒိယနှင့် ရင်းနှီးသည် ဟု လူသိများသော ပါတီခေါင်းဆောင် ဆာရင်း တော့ဂေးသည် ဘူတန်၀န်ကြီးချုပ် တဖန်ဖြစ်လာခဲ့သည်။

ဟိမဝန္တာဒေသနိုင်ငံဖြစ်သည့် ဘူတန်တွင် အိန္ဒိယနယ်စပ်ရှိ မဟာဗျူဟာမြောက်နယ်မြေများထိန်းချုပ်ရေး တရုတ်၏ အစီအစဉ်မှာ ယခုအခါ ပိုမိုခက်ခဲလာမည်ဖြစ်သည်။

ဘူတန်ဘုရင် နမ်ရဲဝမ်ချုက အိန္ဒိယ၏ ရင်းနှီးသည့် မိတ်ဆွေနှင့် နောက်ဆုံးဆုံးဖြတ်ချက်ချနိုင်ခွင့်ရှိသူ ဖြစ်ခြင်းကြောင့် ဘူတန်တွင် တရုတ်အကြံအစည်များ အောင်မြင်ရန် အခွင့်အလမ်းနည်းပါးလှသည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၇ ရက်တွင် ရွေးကောက်ပွဲကျင်းပခဲ့ရာ အမျိုးသားလွှတ်တော်တွင် အမတ် နေရာ ၄၇ နေရာအနက် ၃၀ နေရာကို PDP ကရရှိခဲ့ပြီး ရွေးကောက်ပွဲတွင် မဲအများစုရရှိခဲ့သည်။

ပြိုင်ဘက်ဘူတန် Tendrel ပါတီက အမတ် ၁၇ နေရာသာ ရွေးချယ်ခံခဲ့ရသည်။ ၀န်ကြီးချုပ်ဟောင်း လိုတေး ဆာရင်း၏ပါတီဖြစ်သော Druk Nyamrup Tshogpa ပါတီက ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်တွင် ကျင်းပသော ပဏာမအကျော့ ရွေးကောက်ပွဲတွင် ရှုံးနိမ့်သွားခြင်းက တရုတ်အစိုးရအတွက် စိတ်ပျက် စရာဖြစ်ခဲ့သည်။

ဘူတန်ရွေးကောက်ပွဲစည်းမျဉ်းများအရ မဲပေးခြင်းကို – ပဏာမအကျော့နှင့် နောက်ဆုံးအကျော့ဟူ၍ အဆင့်နှစ်ဆင့်ဖြင့် ကျင်းပသည်။ ပထမအကျော့တွင် မဲအများဆုံးနှင့် ဒုတိယအများဆုံးရရှိသည့် ပါတီ နှစ်ပါတီကသာ နောက်ဆုံးအကျော့တွင် ဝင်ရောက်ယှဉ်ပြိုင်ရသည်။

ပဏာမအကျော့တွင်လည်း PDP သည် မဲအားလုံး၏ ၄၃ ရာခိုင်နှုန်းခန့်ကို ဉီးဆောင်ရရှိခဲ့ပြီး၊ DNT က ၂၀ ရာခိုင်နှုန်းသာ ရရှိခဲ့သည်။

ပထဝီဝင်အနေအထားအရ PDP သည် ဘူတန်အလယ်ပိုင်း၊ အနောက်နှင့် တောင်ပိုင်းဒေသအားလုံးနီးပါး တွင် အနိုင်ရရှိခဲ့ပြီး၊ ပြိုင်ဘက် BTP သည် ဘူတန်အရှေ့ပိုင်းရှိ နေရာအများစုကို အနိုင်ရရှိထားသည်။

အထူးသဖြင့် အိန္ဒိယနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသော ဘူတန်တောင်ပိုင်းအားလုံးတွင် PDP က အနိုင်ရရှိခဲ့ သည်။

တရုတ်က ပထဝီနိုင်ငံရေးရည်မှန်းချက်များရရှိရေးအတွက် တိဗက်ကုန်းပြင်မြင့်ကိုဖြတ်၍ ဘူတန်လမ်း များနှင့် မီးရထားလိုင်းများကို အသုံးပြုနိုင်ရေးအတွက် ဘူတန်အား ပိုးလမ်းမရပ်ဝန်း(BRI)စီမံကိန်း အဖွဲ့ဝင် နိုင်ငံဖြစ် လာရန် ဖိအားပေးလျက်ရှိသည်။

PDP က ပါဆကာ၊ ဖူအန်ဆိုလင်း၊ ဆမ်တဲ၊ ဂီလီဖူး၊ ဆာပန်နှင့် ဆမ်ဒရပ် ဂျွန်ခါတို့တွင် ကုန်းတွင်းဆိပ်များ တည်ထောင်ရန် စီစဉ်နေသည်။ ယင်းတို့အားလုံးသည် အိန္ဒိယနယ်စပ်နှင့် နီးကပ်ပြီး အိန္ဒိယမီးရထားလမ်းများ ကွန်ရက်နှင့် ချိတ်ဆက်ထားသည်။

PDP က ဘင်္ဂလားမြောက်ပိုင်း ဂျယ်ပိုင်ဂူရီခရိုင်အနီးရှိ ဆမ်တဲတွင် အထူးစီးပွားရေးဇုန် တည်ထောင်ရန် အစီအစဉ်ရှိနေသည်။

ဘင်္ဂလားဒေ့ရှ် နှင့် နီပေါတို့နှင့် လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူညီချက်များ လက်မှတ်ရေးထိုးရန် PDP စီစဉ်နေပြီး နီပေါ၊ ဘင်္ဂလားဒေ့ရှ်နှင့် ဘူတန်ကြား ကုန်စည် အားလုံးကို ဘင်္ဂလား မြောက်ပိုင်း လမ်းကြောင်းမှ ဖြတ်သန်းသွားမည် ဖြစ်သည်။

ယခုပင်လျှင် ဘင်္ဂလားဒေ့ရှ်နှင့် ဘူတန်ကြား ကုန်သွယ်မှုကို မြောက်ဘင်္ဂလားသို့ ဖြတ်ကာ ဆောင်ရွက်နေပြီ ဖြစ်သည်။

PDP ၏ ရွေးကောက်ပွဲကြေညာစာတမ်းတွင် ဘူတန်၏ စီးပွားရေးအားကောင်းစေရန် အင်ဒို-ဘူတန် နယ်နိမိတ်တစ်လျှောက် ဘူတန်တောင်ပိုင်းတွင် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များ ဆက်တိုက်လုပ် ဆောင်မည်ဟု ကတိပြုထားသည်။

ယင်းက အိန္ဒိယနှင့် ဘူတန်၏ စီးပွားရေး နှောင်ကြိုးကို ခိုင်ခံ့စေရန် ကူညီပေးပြီး ဘူတန်တွင် ခါးပတ် လမ်းရပ်ဝန်းစီမံကိန်းအတွက် တရုတ်နှင့် သဘောတူကာ တရုတ်နိုင်ငံထံမှ အကူအညီ ရယူရန် လိုအပ်တော့ မည် မဟုတ်ပေ။

ဘူတန်တွင် အိန္ဒိယပိုမိုရောက်ရှိနေခြင်းကြောင့် တရုတ်သြဇာပျံ့နှံ့မှုကို ဟန့်တားနိုင်လိမ့်မည်ဖြစ်ကြောင်း လေ့လာသုံးသပ်သူများက ထောက်ပြသည်။

ယင်းက အိန္ဒိယနှင့် ဘူတန်ကြား ဆက်ဆံရေးကို ပိုမိုခိုင်မြဲလာစေပြီး ဘူတန်တွင် ခြေကုပ်ယူရန် တရုတ် အတွက် ပိုမိုခက်ခဲစေမည်ဖြစ်ကြောင်း ဖော်ပြနေသည်။