သတိပြုစရာ နာတာရှည် ထိပ်ကပ်နာရောဂါ – BBC News မြန်မာ

အအေးမိ၊ နှာစေးရာကနေ နှာခေါင်းပိတ်၊ အနံ့မရ ဖြစ်နေတာ လနဲ့ချီ ကြာနေပြီလား။မခံမရပ်နိုင်လောက်အောင် ခေါင်းကိုက်နေတတ်ပါလား။ ဒါဆိုရင်တော့ Sinusitis လို့ ခေါ်တဲ့နာတာရှည် ထိပ်ကပ်နာ ဖြစ်နေပြီလားဆိုတာ စစ်ကြည့်သင့်ပါတယ်။ ထိပ်ကပ်နာ ရှိမရှိဆိုတာကိုဘယ်လိုနည်းတွေနဲ့ သိနိုင်မလဲ။ CT Scan နဲ့ စစ်ကြည့်ဖို့ လိုမှာလား။ မကြာမကြာ ပြန်ဖြစ်တတ်တဲ့ထိပ်ကပ်နာကို ဘယ်လိုကုမလဲ။ ထိပ်ကပ်နာ မဖြစ်အောင် ဘယ်လို ကာကွယ်မလဲ စတဲ့ ဆောင်ရန်ရှောင်ရန်အချက်တွေကို ယူကေနိုင်ငံက နား၊ နှာခေါင်းနဲ့ လည်ချောင်းရောဂါဆိုင်ရာ အထူးကုသမားတော်ကြီး ဒေါက်တာ ကျော်ထင်မောင်က ဘီဘီစီရဲ့ ကျန်းမာရေးရာ Health Mattersအစီအစဉ်မှာ ရှင်းပြထားပါတယ်။