အာဏာသိမ်းကာလအတွင်း ဒီမိုကရေစီအရေး လှုပ်ရှားမှုကြောင့် အမျိုးသမီး ၇၀၀ ကျော် ပြစ်ဒဏ်ချမှတ်ခံထားရ

မိုးသောက်

မဲဆောက်(မဇ္ဈိမ) ။ ။ စစ်အာဏာသိမ်းထားတဲ့ကာလအတွင်း ဖမ်းဆီးခံထားရတဲ့ အမျိုးသမီး နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၇၁၅ ဦး ရှိတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ(BWU) က ပြီးခဲ့တဲ့ ဇန်နဝါရီလ၂၄ရက်နေ့မှာထုတ်ပြန်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီရေး စောင့်ရှောက်ရေးအသင်း( AAPP) က ထုတ်ပြန်တဲ့စာရင်းတွေကို ပြုစုပြီး ခုလို ထုတ်ပြန်လာပါ။ ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ အမျိုးသမီးတွေက နိုင်ငံတော်အကြည်ညိုပျက်စေမှုကနေ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေလို နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရတဲ့ အမျိုးသမီးတွေလည်းပါဝင်ပါတယ်။

အဲ့ဒီ အမျိုးသမီး စုစုပေါင်း ၇၀၀ ကျော်ထဲမှာ ၅၅ဦးက သေဒဏ်နဲ့ တသက်ကျွန်းချမှတ်ခံထားရသူတွေဖြစ်ပါတယ်။ ထောင်ဒဏ် ၄၅ နှစ် အထက်ကနေ ၆၅ နှစ် အထိ ပြစ်ဒဏ်ချမှတ်ခံထားရသူ နှစ်ဦးရှိတယ်လို့ လည်း ထုတ်ပြန်ချက်မှာေဖာ်ပြထားပါတယ်။