မုံရွာမြို့ပေါ်က ပြည်သူများ အသံတိတ်သပိတ်တွင် ပါဝင်

ဓာတ်ပုံ- မုံရွာသပိတ် အင်အားစု

ဓာတ်ပုံ- မုံရွာသပိတ် အင်အားစု

(မဇ္ဈိမ)။ ။ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (န.မ.ခ) တည်ရှိရာ မုံရွာမြို့နယ် နှင့် မုံရွာမြို့ပေါ်က ပြည်သူများသည် ယနေ့ ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် စတင်သည့် နွေဦးတော်လှန်ရေး သုံးနှစ်ပြည့် အသံတိတ်သပိတ်တွင် ပါဝင်ကြပြီး လမ်းပေါ်တွင် လူသူမရှိကြောင်း မုံရွာမြို့ခံများထံမှ သိရပါသည်။

ယနေ့ နံနက် ၁၀ နာရီ မှ ညနေ၄ နာရီ အတွင်း လမ်းမများနှင့် အများပြည်သူဆိုင်ရာ လမ်းမများတွင် မသွားလာဘဲ အသံတိတ်သပိတ်တွင် ပါဝင်ကြရန် သပိတ်အင်အားစုများက နှိုးဆော်ထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး