မန္တလေးမြို့တွင် မီးလောင်မှု ၂ကြိမ်ဖြစ်ပွား၊ လူ၃ ဦးထိခိုက်ဒဏ်ရာရ

ပုံအညွှန်း- အောင်မြေသာစံမြို့နယ်၊၈၃လမ်း၊၂၂လမ်းနှင့်၂၃လမ်းကြားရှိ Black Panther ဖုန်းမှန်မကွဲဆိုင် မီးလောင်နေစဉ် (ဓာတ်ပုံ- မီးသတ်ဦးစီးဌာန)

ပုံအညွှန်း- အောင်မြေသာစံမြို့နယ်၊၈၃လမ်း၊၂၂လမ်းနှင့်၂၃လမ်းကြားရှိ Black Panther ဖုန်းမှန်မကွဲဆိုင် မီးလောင်နေစဉ် (ဓာတ်ပုံ- မီးသတ်ဦးစီးဌာန)

008

(မဇ္ဈိမ)။ ။ မန္တလေးမြို့တွင် ယနေ့ ဖေဖော်ဝါရီလ ၉ ရက် မနက်ပိုင်းအတွင်း မီးလောင်မှု နှစ်ကြိမ်ဖြစ်ပွားပြီး လူသုံးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ယနေ့ နံနက် ၁နာရီ ၄၅မိနစ်ခန့်တွင် အောင်မြေသာစံမြို့နယ်၊ ၈၃လမ်း၊ ၂၂လမ်းနှင့် ၂၃လမ်းကြားရှိ Black Panther မှန်မကွဲအရောင်းဆိုင် မီးလောင်ခဲ့ပြီး ဆိုင်ဝန်ထမ်း သုံးဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း မီးငြိမ်းသတ်ရာတွင်ပါဝင်သည့် မီးသတ်တဦးကပြောသည်။

“မီးသတင်းရရခြင်း level 2 သတ်မှတ်ပြီး မီးငြှိမ်းတယ်။ ဖုန်းမှန်မကွဲ ဖြန့်ချီတဲ့ဆိုင်ပါ။ မီးက အတွင်းမှာလှိုက်လောင်တယ်။ လောင်စာများတော့ မီးများသွားတယ်။ ဆိုင်ဝန်ထမ်းတွေ မစိုးရိမ်ရတဲ့ ထိခိုက်ဒဏ်ရာရတာရှိတယ်။တိုက်၇ထပ်တိုက်ပါ။မီး‌လောင်မှုဖြစ်စဉ်နဲ့ဆုံးရှုံးမှုက ထုတ်ပြန်ပါလိမ့်မယ် “ဟု ၎င်းက ပြောသည်။

ထို့နောက် နံနက် ၂နာရီခန့်တွင်လည်း အမရပူရမြို့နယ်၊လေစုရပ်ကွက်၌ မီးလောင်မှု ထပ်မံဖြစ်ပွားရာ နံကပ်တိုက် ၂နှစ်လုံး၊လက်ဘက်ရည်ဆိုင် တဆိုင်နှင့်ဆိုင်ကယ် တစီး မီးလောင်ဆုံးရှုံးကြောင်းသိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး